The way he becomes my everything

924 121 59
                                    

ဖြစ်တည်မှုလေးတစ်ခု သူ့ဘဝထဲစဝင်လာခဲ့ချိန်တုန်းကပေါ့ အမြင်မကြည်မှုတွေနဲ့သူက သဘောမကျဖြစ်ခဲ့ရသည်။ စိတ်တွေရှုပ်ခဲ့ရသည်။ အစဉ်အမြဲ အရှုပ်ထုပ်လေးလို့ သတ်မှတ်ခဲ့ပေမယ့် ထိုအရှုပ်ထုပ်လေးကိုဘဲ သူကအစဉ်အမြဲအနားခေါ်ယူနေသူဖြစ်ခဲ့သည်။

ဘာလို့မငိုတာလဲမသိဘူး

သူတိုက်နေတဲ့နို့ဘူးကိုသောက်နေရင်း တစ်ချက်ကလေးမှမငိုတဲ့ ကလေးပေါက်စတစ်ကောင်ကိုကြည့်ရင်း သူတိတ်တဆိတ်တွေးလိုက်မိသည်။

ခါတိုင်းဒီကလေး အာပြဲနေအောင်ငိုတာ သူသိသည်။ အဲ့လိုအချိန်တိုင်း အငိုတိတ်အောင် ကြိုးစားပမ်းစားပြန်ချော့ရတဲ့ ယန်းဂျောင်ဝန်းကိုလဲ သူမြင်သည်။ သို့ပေမယ့် ထိုကလေးက သူနဲ့ရှိနေချိန်တွင်တော့ လုံးဝမငို။ ထူးတော့ထူးဆန်းသည်။

အမြင်ကပ်စရာကိုကောင်းတယ်

အတွေးနဲ့လက်တွေ့အလုပ်မညီနေသည်ကတော့ နို့ဘူးကိုသေချာစွာတိုက်နေတဲ့ သူ့ရဲ့လက်ချောင်းတွေနဲ့ အများကြီးများတိုက်မိနေပြီလား နင်များနင်ပြီး သီးတော့မလား စသည်ဖြင့် စိုးရိမ်စွာနဲ့ အရိပ်တစ်ကြည့်ကြည့် ကြည့်ကာပူပန်နေတဲ့သူ့ရဲ့စိတ်တို့ပါပင်။

ဘန်ဟာ ထိုအချိန်ကတည်းက အပြောနဲ့အလုပ် အတွေးနဲ့အလုပ် မညီတဲ့လူတစ်ယောက် ဖြစ်လို့ဖြစ််မှန်းမသိ ဖြစ်လာခဲ့ပါသည်။

ဒီလောက်ဆို ဝပြီထင်တယ်

ဗိုက်ဝသွားသည်နှင့် တန်းအိပ်သွားတာကလဲ ထိုကလေးအကျင့်။ အအိပ်ပုတ် အစားပုတ်လေးဖြစ်နေတာ အဲ့ကလေး။

"ပင်ပန်းသွားရပြီ ကျေးဇူးပါဘဲ ဘန်ရယ်"

"ဒီတစ်ခါနောက်ဆုံးဘဲ"

ထိုစကားကိုကြားရတာ 46 ကြိမ်မြောက် ရှိနေပြီဖြစ်တဲ့ ဂျောင်ဝန်းကတော့ ဘယ်လိုမှမနေပါပေ။ ပြီးရင် နို့ဘူးတိုက်ချိန်တိုင်း လှစ်ခနဲရောက်လာမယ့် ဒီတစ်ခါနောက်ဆုံးဘဲလို့အမြဲပြောတဲ့လူကြီးအကြောင်း သူသိသည်မို့လေ။

ဒီလိုနဲ့ ဘန့်ရဲ့နေ့ရက်တွေမှာ အချိန်သတ်မှတ်ချက်တွေက တစ်စတစ်စဝင်ရောက်လာခဲ့တာပေါ့။ မနက်စာနို့တိုက်ချိန် နေ့လည်စာနို့တိုက်ချိန် ညနေပိုင်းနို့တိုက်ချိန် ညပိုင်းနို့တိုက်ချိန် ယန်းဂျောင်ဝန်းမအားတဲ့အချိန်သူအစားထိန်းပေးရမယ့်အချိန် စသည်ဖြင့် ကလေးပေါက်စလေးတစ်ယောက်နဲ့အချိန်တွေက သူ့ဘဝထဲ တစ်ဖြည်းဖြည်းနေရာဝင်ယူလာခဲ့သည်။

Once Upon A Tale  // Sungjake (Completed)Where stories live. Discover now