1

698 119 23
                                    

• Unicode •

"အားလုံးကိုမိတ်ဆက်ပေးပါရစေ အခု ကျွန်တော့်မှာ လက်တွဲဖော်တစ်ယောက်ရှိနေပါပြီ"

Caption အောက်မှာ လက်ဆယ်ချောင်းကို သွယ်ယှက်ထားတဲ့ဓာတ်ပုံတစ်ပုံ။

လင်ရှမှာ အားလပ်ချိန်တချို့ရှိနေတာကြောင့် သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီးနောက် WeChat Moments ပေါ်က ယီရှန်းရဲ့ post ကို တွေ့လိုက်ရတယ်။ အဲဒီအချိန်လေးအတွင်းမှာပဲ သူ့စိတ်ကဗလာဖြစ်သွားတော့တယ်။

တစ်ချိန်လုံး လင်ရှက ယီရှန်းကို တိတ်တိတ်ကလေး ချစ်လာခဲ့တာဖြစ်ပြီး ယီရှန်းရည်းစားရသွားတာနဲ့ လက်လျှော့လိုက်တော့မယ်လို့တောင် သူ့ကိုယ်သူပြောခဲ့ဖူးသေးတယ်။ မမျှော်လင့်ထားဘဲ အဲဒီနေ့က မြန်မြန်ရောက်လာတာကြောင့် သူ့မှာ ဘာစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုမှ မလုပ်ရသေးဘဲ ရှိနေတော့တယ်။

ကလပ်လှုပ်ရှားမှုတွေအတွင်း အချင်းချင်းအပ်*ခဲ့ကြပေမဲ့ သူတို့ တစ်ခါမှ စကားမပြောဖြစ်ခဲ့ကြ။ လင်ရှတစ်ယောက် ယီရှန်းရဲ့ chat ကို အခေါက်ပေါင်းများစွာ နှိပ်ကြည့်ခဲ့ပေမဲ့လည်း စာပို့လိုက်ဖို့အတွက် သတ္တိကိုတော့ ဘယ်တော့မှ မဆင့်ခေါ်နိုင်ခဲ့ပေ။

(*WeChat friend add တာကိုပြောတာပါ)

ယီရှန်း post အောက်မှာ သူငယ်ချင်းတွေရဲ့ အဲဒါအမှားကြီးလို့ပြောလာမဲ့ ကောမန့်တွေများရှိမလားလို့ လင်ရှတစ်ယောက်တောင်ရောက်မြောက်ရောက်နဲ့ လိုက်ကြည့်နေမိပေမဲ့လည်း သူမြင်ရသမျှက ကလပ်အဖွဲ့ဝင်တွေဆီက ကောင်းချီးတွေသာ။ သူ့နှလုံးသားလေးခမျာ ပြာမှုန့်တွေလိုမျိုး သေဆုံးသွားတော့တယ်။

သူ ယီရှန်းကို ဖျက်*ပစ်လိုက်ချင်တယ်။ ဖျက်ပစ်လိုက်ရင်လည်း နောင်တရစရာမရှိပေမဲ့ သူမလုပ်နိုင်သေး။ စိတ်ထဲမှာ ကြာရှည်စွာ ရုန်းကန်ပြီး နောက်ဆုံးတော့ ယီရှန်းကို ဘလော့ခ်ပစ်လိုက်တော့တယ်။

(*Friend အဖြစ်ကနေ delete တာပါ)

တစ်ချိန်မှာ ခြေတစ်လှမ်းပေါ့။

ယီရှန်းကို ဘလော့ခ်ပြီးနောက် သူ့နှလုံးသားဟာ ဗလာကျင်းလျက်သား။ အချိန်အကြာကြီးသဘောကျခဲ့ရတဲ့ လူတစ်ယောက်ကို လက်လွှတ်လိုက်ဖို့က တကယ်ကိုမလွယ်ကူလှ။

After I Blocked My Crush | ဘာသာပြန် |Where stories live. Discover now