2

631 107 8
                                    

• Unicode •

T/N : အရင်အပိုင်းမှာ MC နာမည်ကို တရုတ်လိုမှားဖတ်မိလို့ မှားရေးထားမိပါတယ်။ MC နာမည် 伊商 ရဲ့ အသံထွက်အမှန်က "ရီးရှန်း/ယီးရှန်း" ပါ။ ဒါပေမဲ့ မျိုးရိုးနာမည်အနေနဲ့ပါတဲ့ "ရီး/ယီး" (😭) ကျ မြန်မာလိုဆိုရင် ရေးရတာကော ဖတ်ရတာပါ အဆင်မပြေဘူးထင်လို့ ယီရှန်းလို့ပဲ သုံးသွားပါမယ်နော်။ ရှေ့အပိုင်းကိုလည်း ပြင်ထားပါတယ်။

တရုတ်နာမည်တွေ သေချာပြောပြတဲ့ သူငယ်ချင်းနဲ့ ၊  နာမည်မှားနေကြောင်း ထောက်ပြပေးတဲ့ ညီမလေးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

_____________________

နေ့လယ်ခင်း အတန်းပြီးသွားတဲ့နောက် ယီရှန်းနဲ့အခန်းဖော်တွေ ကန်တင်းကို အတူတူသွားခဲ့ကြကာ ဒုတိယကန်တင်းမှာ မမျှော်လင့်ထားဘဲ သူတို့တွေ လင်ရှရယ် သူနဲ့အတူပါလာတဲ့ ဝဝတုတ်တုတ်ကောင်ကလေးတစ်ယောက်ရယ်နဲ့ သွားဆုံတယ်။ သူနဲ့လင်ရှ ဒီလိုဆုံမိတာ ဒါပထမဆုံးအကြိမ်ပဲ။ အရင်က ဒီကန်တင်းဆီ လင်ရှလာစားတာကို သူဘာလို့ လုံးဝသတိမထားမိခဲ့ရတာလဲ?

သူ့အတွေးတွေပျံ့နှံ့နေတုန်း လင်ရှနဲ့ မျက်လုံးချင်းဆုံသွားတယ်။ လင်ရှကို နှုတ်ဆက်တဲ့သဘောနဲ့ ယဥ်ကျေးစွာ ခေါင်းညိတ်ပြလိုက်တယ်။ တစ်ဘက်မှာတော့ လင်ရှက ထပ်ပြီးထိတ်လန့်သွားပုံပေါ်ကာ မြန်မြန်အကြည့်လွှဲလိုက်ပြီး ယီရှန်းနဲ့ဝေးဝေးနေနိုင်ဖို့အတွက် သူ့သူငယ်ချင်းနဲ့တောင် ထိုင်ခုံလဲလိုက်သေးတယ်။

ယီရှန်း အတော်လေးမှင်တက်မိသွားတယ်။ သူက ကပ်ဆိုးနတ်ဘုရားမလို့လား? ဘာလို့ လင်ရှက သူ့ဆီကနေ ဒီလိုမျိုး ပုန်းနေရတာတုံး?

အခန်းဖော်တွေနဲ့ စားသောက်ပြီး အဆောင်ကိုပြန်ရောက်တာနဲ့ ယီရှန်းထိုင်ခုံပေါ်ပစ်ထိုင်လိုက်တယ်။ မျက်နှာကြက်ကိုမော့ကြည့်ကာ မျက်လုံးမှိတ်လိုက်ပြီး တစ်ကိုယ်လုံးကို လျှော့ချလိုက်တော့တယ်။ သူ့အခန်းဖော်ရှောင်ကျန်းက "ယီရှန်း ငါတို့ အခုပဲ ကန်တင်းမှာ ဓာတ်ပုံကလပ်က မင်းရှစ်ကျဲ*နဲ့တွေ့ခဲ့တာကို မင်းဘာလို့မနှုတ်ဆက်လိုက်တာလဲ?" လို့ မေးလာတယ်။

After I Blocked My Crush | ဘာသာပြန် |Where stories live. Discover now