1191 - 1195

84 2 0
                                    

စစ်ဧကရာဇ်(Chapter:1191)
(မျိုးဆက်သွေး)
........................
     အာကာသ တိမ်တိုက်တွေကို မြင်ပြီးနောက်မှာတော့ ကျောင်းတော်သခင်ရဲ့ တင်းမာနေတဲ့ မျက်နှာက ပြန်လျော့လာခဲ့သည်။ သူက လီကွမ်ရီကို ကြည့်ပြီး ပြောသည်။
     "ဒီလိုဆိုရင် မင်းက ငါတို့နဲ့ ပတ်သက်မှုရှိသူပါ၊ လွတ်လွတ်လပ်လပ် စကားပြောလို့ရပါတယ်"

     သူက မျက်နှာရှုံ့မဲ့ရင်း လီကွမ်ရီကို ကြည့်ကာ ဆက်ပြောသည်။
     "ရောက်လာကတည်းနဲ့ အာကာသမိုးတိမ်တွေကို ဆင့်ခေါ်လိုက်ရင် ငါတို့ကြား အခုလို တင်းမာနေစရာ မလိုဘူးလေ၊ အခုတော့ ငါ့မှာ အတော်လေး လန့်သွားခဲ့ရတယ်၊ ငါ့လို လူအိုကြီးတွေက အရမ်းစိတ်လှုပ်ရှားလို့ မဖြစ်ဘူး"

     "တောင်းပန်ပါတယ်၊ ဒီလိုလုပ်ဖို့ ငါမေ့နေခဲ့တာ ..."လီကွမ်ရီက ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။

     ကျောင်းတော်သခင်နှင့် ယဲ့ထူတို့မှာ ယခုမှ စိတ်အေးသွားကြရသည်။ သူတို့နှစ်ယောက်လုံးက လီကွမ်ရီနဲ့ တိုက်ခိုက်ပြီး မိတ်ပျက်သွားရမှာကို မလိုလားကြပေ။

     "ကောင်းပြီ၊ အခု ဘိုးဘေးတွေဆီ အစီရင်ခံရဦးမယ်"ကျောင်းတော်သခင်က လီကွမ်ရီကို ကြည့်ပြီး ဆက်ပြောသည်။
     "ငါ့ကို စောင့်နေပါ၊ ဘိုးဘေးဝေလငါးရဲ့ တည်နေရာကို သိရတာနဲ့ မင်းကို အကြောင်းကြားလိုက်မယ်"

     "အရမ်းကောင်းတယ်၊ မင်းရဲ့သတင်းကို ရှုခင်းသာကမ်းခြေကနေ ငါစောင့်နေမယ်"လီကွမ်ရီက ခေါင်းညိတ်ပြသည်။ ပြီးနောက် မတ်တတ်ရပ်ပြီး ပြန်လည်ထွက်ခွာဖို့ ပြင်လိုက်သည်။

     ကျောင်းတော်သခင်မှာ ထွက်ခွာဖို့ ပြင်နေတဲ့ လီကွမ်ရီကို ကြည့်ပြီး ဆက်နေဖို့ ဖျောင်းဖျကြည့်လိုက်သည်။
     "တူတော်မောင်၊ ဒီနေရာကို လာဖို့ဆိုတာက မလွယ်ဘူးလေ၊ ရောက်တုန်းရောက်ခိုက် ခဏလောက်တော့ နေသင့်ပါတယ်၊ အိမ်ရှင်တစ်ယောက်အနေနဲ့ ဒီနေရာရဲ့ လှပတဲ့ ရှုခင်းတွေကို လိုက်ပြပေးပါရစေ"

     "ဘာလဲ၊ မင်းရဲ့ မိန်းကလေးတပည့်တွေကို လက်ထပ်စေချင်လို့လား ..."လီကွမ်ရီက ကျောင်းတော်သခင်ကို ကြည့်ပြီး ရယ်လိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now