1591 - 1595

67 4 0
                                    

စစ်ဧကရာဇ်(Chapter:1591)
(ယုယွီလျန်)
.................
     ကျင့်ကြံသူအများအပြားက ဝေါ်လုံကျစ်အတွက် ဝမ်းနည်းနေကြသည်။ အဆင့်တစ်ဆယ်၌ တင်းယွမ်ဟို၊ ယဲ့ကျိုးကျောနှင့် ဝေါ်လုံကျစ်တို့၏ အရိပ်သုံးခုသာရှိသည်။

     ဝေါ်လုံကျစ်သည် သုံးယောက်ထဲတွင် အသက်အငယ်ဆုံးဖြစ်ပြီး ကျန်နှစ်ဦးမှာ သြဇာအရှိန်အဝါ ကြီးမားသော နတ်ဘုရားသခင်အဆင့်များ ဖြစ်သည်။

     ဝေါ်လုံကျစ်သာ အသက်ရှင်နေသေးပါက သူ၏အောင်မြင်မှုသည် တင်းယွမ်ဟိုနှင့် ယဲ့ကျိုးကျောတို့ထက် နိမ့်ကျမည်မဟုတ်ဟု အများစုက ယုံကြည်ကြသည်။ ထိုစဥ် အားလုံး၏ အကြည့်များက အရိပ်တစ်ခုသာရှိသော တစ်ဆယ့်တစ်ဆင့်သို့ ရောက်သွားကြသည်။

     "မင်းသမီးယုရောက်လာပြီ"ထိုအချိန်မှာပင် ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။

     ချက်ချင်းပင် အားလုံး၏အတွေးများ လွင့်ပြယ်သွားကြပြီး အလျင်အမြန် လှည့်ကြည့်လိုက်ကြရာ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ကြရသည်။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ ထို့ကြောင့် ကြာပန်းလေးတစ်ပွင့် ရောက်လာသည်နှင့်ပင် တူနေသည်။ သူမ၏ မျက်လုံးလေးများကလည်း တောက်ပပြီး ဆွဲဆောင်မှုအပြည့်ရှိသည်။

     "မင်းသမီးယု"ကျင့်ကြံသူ အများအပြားက နှုတ်ဆက်ရန် အပြေးသွားလိုက်ကြသည်။ အများစုမှာ ယုယွီလျန်ကို နှစ်သက်သဘောကျနေကြသည့် လူငယ်လေးများဖြစ်သည်။

     ယုယွီလျန်သည် မြောက်ပိုင်းပင်လယ်၏ မျိုးဆက်သစ်လူငယ်များအကြား လွန်စွာကျော်ကြားပြီး ချစ်ခင်စဖွယ်ကောင်းသည့် မိန်းကလေးတစ်ယောက်ဖြစ်၏။

     "ငါ့ရဲ့အရည်အချင်းကို စမ်းသပ်ကြည့်မယ့်နေ့မှာ အခုလောက်အထိ အားပေးသူတွေများမယ်လို့ မမျှော်လင့်ထားပါဘူး၊ အားလုံးကို ကျေးဇူးတင်ပါတယ်"ယုယွီလျန်က ချစ်စဖွယ်ပြုံးပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

     "မင်းသမီးက သူစိမ်းဆန်နေပြန်ပါပြီ၊ မင်းရဲ့အောင်မြင်မှုတွေကို မြင်ခွင့်ရတာက ငါတို့အတွက် ဂုဏ်ယူစရာပဲလေ"လူငယ်လေးတစ်ယောက်က အရောဝင်ဟန်ဖြင့် ပြုံး၍ပြောလိုက်သည်။
     "ငါ့ဦးလေးက ပြောဖူးတယ်၊ မင်းက မိုးကောင်းကင်ရဲ့ သမီးပျိုလေးတဲ့၊ တိမ်နဂါးဘုရင်၊ ကောင်းကင်စောင့်မင်းသမီးနဲ့ မင်းက မြောက်ပိုင်းပင်လယ်ရဲ့ အလှမယ်သုံးဖော်လို့ ခဏခဏ ပြောပြဖူးတယ်"

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now