1426 - 1430

70 1 0
                                    

စစ်ဧကရာဇ်(Chapter:1426)
(နတ်ဘုရားသုတ်သင်ခြင်းတာအို)
.............................................
     မှတ်ဉာဏ်ပင်လယ်အတွင်း ဝင်ကြည့်ခံလိုက်ရ၍ စစ်မာယွီကျန့်၏တစ်ကိုယ်လုံး တုန်ခါသွားခဲ့ရ၏။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထူးခြားသည့် ခံစားချက်တစ်ခု ရရှိနေခြင်းပင်။ မှတ်ဉာဏ်ပင်လယ်ကို ကာကွယ်ထားသည့် ချိပ်စည်းပျက်သွား၍ သူမ၏စိတ်ထဲ အဝတ်မပါသလို ခံစားနေရသည်။ သူမ၏ မမြင်သင့်၊ မမြင်အပ်သည့် အရာရာတိုင်းကို လီကွမ်ရီက အထင်းသားမြင်နေရသည့်ဟု ခံစားနေခ​ဲ့ရသည်။

     လုပ်ကြံသတ်ဖြတ်သူတွေ မဆိုထားနှင့် သာမန်ကျင့်ကြံသူတွေပင် အခြားတစ်ယောက်ကို မိမိ၏ မှတ်ဉာဏ်ပင်လယ်အတွင်း ဝင်ကြည့်ခွင့်မပြုကြပေ။ ဤသည်မှာ ကျင့်ကြံသူတိုင်းအတွက် အတင်းကျပ်ဆုံး စည်းမျဥ်းတစ်ခုဖြစ်သည်။ လက်ရှိအချိန်၌ သူမသည် ရုန်းကန်ချင်သော်လည်း အရာမထင်ပေ။ မီးပုံအတွင်း အတင်းတိုးဝင်သည့် ပိုးဖလံတစ်ကောင်အလား လီကွမ်ရီ၏ စေစားရာအတိုင်း ပြုမူနေခဲ့ရသည်။

     ယခုအချိန်၌ လီကွမ်ရီသည် သူမနှင့်ပတ်သက်သည့် အရာအားလုံးကို မြင်နေရသည်။ ထို့ကြောင့် စိတ်ထဲ အနည်းငယ် ရှက်ရွံ့နေမိသည်။

     အချိန်အနည်းငယ် ကြာသည်အထိ ကြည့်ရှုပြီးနောက် လီကွမ်ရီက စစ်မာယွီကျန့်ကို ပြန်လွတ်ပေးလိုက်သည်။ ထိုအခါမှသာ စစ်မာယွီကျန့်သည် မူလစိတ်အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်ခြင်းများစွာဖြင့် အနောက်သို့ ခြေလှမ်းများစွာ ဆုတ်သည်။ မျက်လုံးတွေကလည်း တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည့်အလား အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။

     "နင် ... နင် ... နတ်ဆိုးနည်းစနစ်တွေကို လေ့ကျင့်ထားတာလား ..."စစ်မာယွီကျန့်၏အသံက တုန်တုန်ရင်ရင်ဖြင့် ထွက်လာခဲ့သည်။ လုပ်ကြံသူတစ်ယောက် ဖြစ်သည်နှင့်အညီ သူမ၏ တာအိုနှလုံးသည် လွန်စွာ ခိုင်မာသည်။ အရာရာတိုင်းကို သွေးအေးစွာဖြင့် ရင်ဆိုင်နိုင်စွမ်းရှိသည်။ သို့သော် ယခုအချိန်ကိုမူ ခြွင်းချက်ထဲ ထည့်ရပေလိမ့်မည်။ လီကွမ်ရီသည် သူမ၏ မှတ်ဉာဏ်ပင်လယ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်သာမက လျှို့ဝှက်ချက်တွေကိုပါ ကြည့်ရှုနိုင်ခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now