Avenging for life(2)

8 3 0
                                    


ကျွန်တော်တို့ မြေးအဘွားနှစ်ယောက်ရဲ့ဘ၀တွေရှေ့ဆက်ဖို့က ဒီလိုမြို့ကြီးပြကြီးတွေမှာ အဆင်မပြေခဲ့ပေ။ဒါကြောင့် အဘွားနဲ့ကျွန်တော် ထိုမြို့လေးကိုသွားခဲ့ရသည်။ထိုမြို့လေးက အဖွားနဲ့အဘိုးရဲ့ ဘ၀တွေကိုအစပျိုးခဲ့တဲ့မြို့ဆိုလည်း ဟုတ်တယ်။အဖေရဲ့မွေးရပ်မြေဆိုတာလည်း ဟုတ်တယ်။ဒါပေမဲ့ ကျွန်တော့အတွက်တော့. . .

အဘွားရဲ့အိမ်ကလေးရှိတဲ့ခြံက‌လေးက ခြံစည်းရိုးပင်လုံလုံခြုံခြုံမရှိတော့ပေ။ခြံ၀င်ထဲတွင် ချုံကလေးများ၊မြက်ပင်များ၊အရိုင်းပင်များဖြင့် ပြည့်နှပ်နေတော့သည်။အိမ်ရှေ့မှာတော့ အရိပ်ကောင်းသော သရက်ပင်ကြီးတစ်ပင်ရှိသည်။သို့သော် သစ်ရွက်ခြောက်များ ထူထပ်နေလေသည်။ အိမ်ကလေးကတော့ ဝါးထရံ မြေကပ်အိမ်ကလေးဖြစ်ပြီး သက်ငယ်ပျစ်များ မိုးထားလေသည်။ဆယ်စုနှစ်‌ကျော် ပစ်ထားခဲ့သော ဒီအိမ်ကလေးက ယခုတော့ ဝါထရံများမှာ မိုးရွာစို နေပူခြောက် ပစ်ထားသဖြင့် ရေနံချေးမရှိတော့ဘဲ ဖြူတူတူဖျော့တော့တော့ဖြစ်နေလေတော့သည်။သက်ငယ်ပျစ်များမှာလည်း ခြောက်သွေ့အိုဟောင်း၍‌ နေလေသည်။အိမ်ထဲတွင် အခန်းနှစ်ခန်းသာရှိပြီး ပိုးမျှင်တွေ ပင့်ကူအိမ်တွေနဲ့ ဖုံးလွှမ်းနေတော့သည်။ဘယ်လိုအိမ်ပင်ဖြစ်ဖြစ် ကျွန်တော်အခုကစပြီး ဒီအိမ်ကလေးကို အားကိုး၍မှီခို‌နေထိုင်ရမှာပင်။

"မြေး မနက်ဖြန် ကျောင်းသွားအပ်မယ်နော်"

အိမ်ရှင်းလင်းရင် အဘွားပြောလိုက်သော စကားကြောင့် ကျွန်တော် လုပ်လက်စ ဖုန်သုပ်နေတာကိုရပ်လိုက်သည်။

"အဘွား သား ကျောင်းမတက်တော့ဘူး"

ကျွန်တော့်စကားကြောင့် တံမြက်စည်းလှည်းရာမှ ကျွန်တော်နားကိုလာကာ

"ဘာလိုလဲမြေးရဲ့. . မြေးလေးကျောင်းတက်မှ ပညာတက်ကြီးဖြစ်မှာပေါ့။ပြီးတော့ ငါ့မြေးကစာ ဒီလောက်တော်တာကို တက်ရမှာပေါ့မြေးရဲ့"


"အဘွား. .ကျောင်းတက်ရင်ပိုက်ဆံကုန်မှာပေါ့
ပြီးတော့မြေးက အဘွားကိုလုပ်ကျွေးတော့မှာ"

အဘွားကရယ်လျက်
"အမလေး မြေးရယ် မြေးကဘာအလုပ်များလုပ်ဖူးလို့လဲကွဲ့။ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ကလေးပဲရှိသေးတဲ့ မြေးကို ဘယ်သူကအလုပ်ခေါ်မှာတုန်း။ပြီးတော့ ငါ့မြေးရဲ့လုပ်စာကို အဘွားကထိုင်စားရမဲ့အရွယ်လည်းမရောက်သေးပါဘူးကွယ်"

အဘွားစကားကြောင့်ကျွန်တော်စိတ်ဆိုးသွားသည်။သို့သော် ဒါကအမှန်ပင် ငယ်စဉ်ကတည်းက အဘွားနဲ့အတူနေလာတော့ အဘွားက ကိုယ့်ရဲ့စံပြဖြစ်လာလို့ အဘွားလိုပဲ နွဲ့နှောင်းလှသည်။အများအမြင်မှာတော့မိန်းမလျာပုံစံလေးပေါ့။

ကျွန်တော်စိတ်ဆိုးသွားတာသိတဲ့ အဘွားက

"ဒီမှာမြေးလေး အဘွားကအကောင်းကြီးရှိပါသေးတယ်။ပြီးတော့လေး အဘွားကမင်းအဖေကို ပညာတက်ကြီးဖြစ်အောင်လုပ်ပေးခဲ့တာလေ။ငါ့မြေးကိုလည်း အဘွားက အကြော်ပြန်ရောင်းပြီး ပညာတက်ကြီးဖြစ်အောင်လုပ်ပေးအုံးမှာတော်"

အဘွားပြောနေသည့်အချိန် အဘွားမျက်နှာသည် အလွန်ရွှင်လန်းနေသည်။အဘွားရဲ့ မျက်၀န်းများသည် တောက်ပနေသည်။အဘွားက တကယ်ကို ကျွန်တော်ပေါ်မှာရည်မှန်းချက်ကြီးနေတော့သည်။

ဒါတွေဟာ အဘွားက သူမရှိတော့တဲ့တစ်နေ့ ကျွန်တော်တစ်ယောက်ထဲမျက်နှာမငယ်ရလေအောင် ရှေ့ရေးကိုစီစဉ်ပေးနေခြင်းဖြစ်သည်။သို့သော် ထိုဆန္ဒသည် ပြည့်၀ခဲ့ပါသလော. . . .

Avenging for lifeWhere stories live. Discover now