Avenging for life(10)

8 2 2
                                    


"မြေးရယ် မှောင်တောင်မှောင်နေပြီ
ဘာလို့အဲ့ဒီလောက်တောင် နောက်ကျရတာလဲ"

"သား စာမေးပွဲဖြေနေတဲ့ရက်မို့
စာကျက်တာနောက်ကျသွားလို့ပါအဘွား"

"အင်္ကျီမှာ ဘာတွေစွန်းလာတာလဲမြေး အများကြီးပါလား"

"ဟိုလေ အဲ့တာ သစ်ပင်မှာ စာမှီကျက်ရင်းနဲ့အစေးတွေစွန်းသွားတာအဘွား"

"ကဲ. .ဖြစ်ရမယ်
နောက်ရက်အဘွား အင်္ကျီအသစ်၀ယ်ပေးမယ်"

"ရပါတယ် အဘွားရဲ့
သားဖာသာပြောင်အောင်လျှော်လိုက်ပါ့မယ်"

"ဒါဆိုလည်း ရေချိုးတော့"

"ဟုတ် ဘွားဘွား"
. . . . . . .

"ကဲပြော. . .ငါနဲ့တွေချင်တဲ့ကိစ္စကဘာလဲ"

"ဟိုလေ. .ဟို. ဟိုလေ"

မျက်မှန်ပေါ်မှ မျက်ဖြူလန်ကာကြည့်နေသော အကြည့်ကြောင့် ကြောက်ရွှံစိတ်ဖြင့် ဘာဆက်ပြောရမှန်းမသိတော့အောင် ဖြစ်နေလေတော့သည်။
"ဟဲ့. .ပြော
ငါအားယားမနေဘူး
ပြောစရာမရှိလည်း ကိုယ့်အတန်းကိုပြန်"

တံတွေးကိုမြိုချလိုက်ကာ
အသက်ကိုဖြည်းညင်းစွာရှူ၍

"ဟိုလေ. . ဆရာမကြီး
ကျွန်တော်ကို ကျောင်းသားတွေအနိုင်ကျင့်နေလို့ပါ"

"ဟဲ့ အဲ့ဒါနင်တို့အတန်းပိုင်ကိုတိုင်လေ"

"အဲ့ဒါကလေ ဆရာမကြီးသား
ခန့်ဇေယျာနိုင်ပါ"

"ဘာ. . ငါ့သားဟုတ်လား"

"ဟုတ်. . ဟုတ်ပါတယ် ဆရာမကြီး"

"ပြောပါအုံး သူကဘာလုပ်လို့တုန်း"

"သူက ကျွန်တော့်ကို
အဆင့်တစ်ရလို့ဆိုပြီးအနိုင်ကျင့်တာပါ။
သူနဲ့အတူ ၁၀တန်းက အကို၃ယောက်လည်းပါ ပါတယ်။
သူတို့က ကျွန်တော့်ကို မုဒိန်းကျင့်ခဲ့တာပါ။
သူများတွေကိုပြောရင် ဒီပုံတွေကို တခြားသူတွေသိအောင်လိုက်ပြမယ်ဆိုပြီးပြောပါတယ်။
အခုလည်း ကျွန်တော့်ကို နှိပ်စက်နေကြတုန်းပါ"

လွယ်အိတ်ထဲမှ ဓာတ်ပုံများကို ခုံပေါ်သို့အတင်

"ဖြောင်း. . ."

Avenging for lifeWhere stories live. Discover now