Avenging for life(3)

7 3 0
                                    

"ကလေးတို့အားလုံး နှုတ်ဆက်လိုက်ကြပါအုံး
ဒါက ဒီနေ့မှ ဆရာမတို့ကျောင်းကိုပြောင်းလတဲ့
ကျောင်းသားအသစ်-ခန့်သီဟညီ"

ဆရာမရဲ့စကားအဆုံး ကျောင်းခန်းထဲကကျောင်းသားတွေထဲမှ
"မင်္ဂလာပါ သူငယ်ချင်း"

ဆိုပြီး မညီမညာအသံများဖြင့် ကျွန်တော့်ကိုဆီးကြိုကြလေသည်။ဆရာမက အတန်းထဲမှာ အဆင်ပြေတဲ့နေရာမှာ ထိုင်လိုက်လို့ပြောတော့ အခန်းတစ်ခုလုံး နှံ့စပ်စွာကြည့်လိုက်သည်။ထိုသူကိုမြင်လိုက်သည် ဆံပင်ကိုသပ်ရပ်စွာဖြီးထားပြီး မျက်မှန်ကလေးပါဝါထူထူဖြင့် စာတွေရေးနေသော စာဂျပိုးရုပ်ပေါက်နေသော ထိုသူကိုမြင်လိုက်သည်။

"ငါဒီဘေးမှာထိုင်လို့ရမလား"

စာရေးနေရာမှ ပြန်မကြည့်ဘဲ
"ထိုင်လေ"
ဆိုတဲ့ စကားတစ်ခွန်းသာ ပြန်ပြောသည်။ အဲ့ဒီကတည်းက ကျွန်တော်နေရာပြောင်းထိုင်သင့်ပေသည်။ကိုယ့်ကို မကြိုဆိုမှန်းသိတာတောင် ရွေးချယ်လိုက်မိတာ အမှားဖြစ်ခဲ့တယ်။


တစ်ပတ်လောက်ကြာတော့ ထိုသူနဲ့ကျွန်တော်ခင်မင်လာခဲ့သည်။ကျွန်တော်ရဲ့ အတိတ်က အဖြစ်ဆိုးတွေကိုလည်း ရင်ဖွင့်ခဲ့မိလေသည်။အဘွားကို မျက်နှာပူတဲ့အတွက် ကျူရှင်ပင်မတက်နိုင်ဘဲ အိမ်မှာပဲစာလုပ်တာကအစ ထိုသူ့ကိုပြောပြမိခဲ့သည်။ထိုသူက ကျွန်တော်ကို ကျောင်းဆင်းတိုင်း သူနဲ့အတူစာလုပ်ဖို့ပြောခဲ့တယ်။ထိုသူကို အဲ့ဒီအရာလေးတစ်ခုကြောင့် ကျေးဇူးတင်မိမိဖူးသည်။ပြန်စဥ်းစားလျှင် အဲ့ဒီအချိန်ကတည်းက
ကျေးဇူးတင်စရာတွေမလိုပဲ သူပေးမဲ့အကူအညီတွေကို ငြင်းဆိုခဲ့မှာပင်။

ထိုသူဆိုသည်မှ "ခန့်ဇေယျာနိုင်"ဖြစ်သည်။

မိဘများမှာ ဆရာ၀န်များဖြစ်ကြပြီး အထက်တန်းလွှာ မျိုးရိုးဖြစ်သည်။တစ်ခန်းလုံးရဲ့ အမြဲတမ်း
အဆင့်(၁) ဖြစ်သည်။သူ့ကိုကျော်နိုင်တဲ့သူ တစ်ယောက်မှမရှိပေ။ညနေကျောင်းဆင်းတိုင်း ကျောင်းရဲ့ တစ်လမ်းကျော်က ခြံ၀င်းထဲမှာတစ်ယောက်ထဲစာလုပ်လေ့ရှိသည်။ထိုခြံကြီးသည် သူ့တို့အဖိုးပိုင်ခြံဖြစ်ပြီး ကျွန်တော့်အတွက်တော့ ဒဏ်ရာတွေကိုတစ်၀ကြီးပေးမဲ့ ခြံကြီးဖြစ်‌နေခဲ့တယ်။

"သီဟ ကျောင်းဆင်းရင် ငါနဲ့အတူခြံထဲမှာစာ လိုက်ကျက်နော်"


"အင်း. .ကျက်မယ်လေ။
ငါလဲ တစ်ယောက်ထဲစာလုပ်ရတာပျင်းနေတာ
အခုတော့အဖော်ရပြီ"

ကျွန်တော်ကိုကြည့်ပြီး ‌ပြုံးနေသော သူ့စိတ်က ဖြူစင်နေရဲ့လား။
ကျောင်းဆင်းချိန်တွင် ထိုသူနဲ့အတူ ခြံထဲကိုလိုက်သွားခဲ့သည်။

"ခန့် တို့ခြံကြီးကလည်း ကြောက်စရာကြီး
သစ်ပင်တွေကလည်း အုံ့မှိုင်းနေတာပဲ
ခန့် မို့လို့ဒီမှာတစ်ယောက်ထဲ စာကျက်ရဲတယ်"

"တိတ်တိတ်ဆိတ်ဆိတ်နဲ့ စာကျက်ချင်လို့လေ
အိမ်မှာက ဆေးခန်းနဲ့ဆိုတော့ ဆူညံနေတာ
ဒီမှာကျ စာကျက်လို့အရမ်းကောင်းတယ်"

ဒီလိုနဲ့ ကျွန်တော်နဲ့ ထိုသူတို့ နေတိုင်းကျောင်းဆင်းရင် ခြံထဲမှာ စာသွားကျက်ကြတယ်။ အဲ့လိုနဲ့ လပတ်စာမေးပွဲလည်းဖြေရတယ်။ဒီလိုနဲ့ ဒုက္ခတွေစတင်၀င်လာခဲ့တယ်။

"ဒီလအဆင့်(၁)က ခန့်သီဟညီ
အဆင့်(၂)က ခန့်ဇေယျာနိုင်
အဆင့်(၃)က ၀င့်ဝါရွှေ
ကဲ့ သူတို့ကိုလက်ခုပ်တီးပေးလိုက်ကြပါအုံး"

ဆရာမရဲ့ အဆင့်ပေးအပြီးမှာ ကျွန်တော်ပျော်ရွှင်နေခဲ့တယ်။အဘွားကို ကြွားလို့ရပြီဆိုပြီ။‌
ဒါပေမဲ့ ထိုသူသည် မပျော်ရွှင်နိုင်။
အတန်းထဲက တီးတိုးသံများကလည်းဆူညံနေတော့သည်။

"ဟဲ့ ဟိုတစ်ယောက်တော့ရာထူးကျသွားပြီ"၊

"သူ့ကိုကျော်တက်တဲ့သူတော့ရောက်လာပြီ"၊

"သူတို့အမှတ်တွေက၂မှတ်ပဲကွာတာတဲ့"၊

"ခန့်ဇေယျာနိုင်လေးသနားပါတယ်"

ထိုနေ့ကစပြီး သူကျွန်တော့်ဘေးမှာမထိုင်တော့ပါ။

ထိုအဆင့်သည် ဘာများအရေးကြီးသလဲ
ဒီအဆင့်ရခဲ့တာ ငါ့အမှားပဲလား
ငါကရော ဒါနဲ့မထိုက်တန်ဘူးလား
ဒီအဆင့်ကြောင့် မင်းတို့ရဲ့ ဘ၀ပျက်သွားလို့လား
ဒါဆို ဘာလို့ငါဘ၀ကိုကျ မင်းတို့စိတ်တိုင်းကျ ဖျက်ဆီးခဲ့တာလဲ. . .

Avenging for lifeWhere stories live. Discover now