crush

1K 46 0
                                    

Crush ဆိုတာကလေလူအတော်များများရှိခဲ့ဘူးကြတယ် ရင်ခုန်မိပြီးတိတ်တခိုးချစ်ရတဲ့သူလေးပေါ့ freen မှာလဲအဲ့လိုရှိခဲ့တယ်သူမထက်2 နှစ်ငယ်ပြီးကျောင်းပြောင်းလာတဲ့ကောင်မလေးတစ်ယောက်ကိုပေါ့ 20 နှစ်မှာစပြီးလူတစ်ယောက်ကိုသဘောကျမိခဲ့တယ်အဲ့လူတစ်ယောက်ကမိန်းကလေးဖြစ်နေမယ်လိုတစ်ခါမှမတွေးခဲ့မိဘူးဘယ်လိုစပြီးသဘောကျမိသွားလဲဆိုတာကတော့ရိုးရှင်းပါတယ် ကျောင်းသူအသစ်လေးကအခြားသူတွေကိုပိုပြီးဆွဲဆောင်မှုရှိနေခဲ့တယ်လေပိုဆိုးတာကကျောင်းအုပ်ကြီးရဲ့သမီးဖြစ်တယ်ဆိုတာပဲ
အင်္ဂလန်မှာနေလာခဲ့ပြီးသူအဖေကြောင့်ထိုင်းကိုပြောင်းလာခဲ့ရတယ်တဲ့လုံး၀သေးသေးပိစိလေးနဲ့ချစ်စရာလေးသူနဲ့မလိုက်အောင်လဲချေကလဲချေသေးဘယ်သူကိုမှရင်မခုန်တတ်တဲ့နှလုံးသားကသူကိုမှရင်ခုန်မိနေတော့လဲခက်နေတော့တာ

Nam : miss sarocha ka ငမ်းနေတာလေးတော်သင့်ပြီနော်

Freen : nam ရယ်ခဏလေးပါ

Heng : နင်ငမ်းနေတာတစ်နာရီပြည့်တော့မယ်🙂

Nam : အေးလေးဟာနင်လဲရောဂါတစ်မျိုးပဲနော်

Freen : Becky Armstrong ရောဂါတဲ့မှတ်ထား

Heng : မမောဘူးလား Nam ငါတော့မောတယ်ကန်တင်းသွားကြမယ်ခွက်ရူးမကိုထားခဲ့လိုက်တော့

Nam : လာသွားကြမယ်

Freen : ဟဲ့စောင့်ကြပါအုံး

ကန်တင်းသို့ရောက်ပြီး

Heng : နင်မျိုအုံးမှာလားပြုံးပြုံးကြီးနဲ့မျက်ခွက်ကငါထထုလိုက်ရ

Freen : မျိုမှာပေါ့

Nam : ငါလေနင့်ကိုအဖြောင့်ကြီးလိုထင်ထားတာကောက်နေမှန်းမသိခဲ့ဘူး

Heng : ငါကောပဲ ဒင်းကဂျယ်လီပေတံလိုဖြောင့်နေတာလေ

Freen : အစကတော့တကယ့်အဖြောင့်ပါသစ်သားပေတံလိုပဲသူနဲ့တွေ့မှဂျယ်လီပေတံလိုဖြစ်သွားတာဟဲ"

Nam : ဘယ်ကနေဘယ်လိုနင်စပြီးသဘောကျမိသွားတာလဲငါတကယ်တွေးလိုမမှီတော့ဘူး

Freen : ငါကိုယ်တိုင်လဲတကယ်မသိတော့တာစတွေ့ထဲကသူကြောင့်ငါရင်ခုန်သံတွေကပုံမှန်လိုမဟုတော့ဘူးသူကိုမြင်ရင်အလိုလိုပျော်ပြီးပြုံးမိနေတာသူကိုတစ်ရက်လေးမတွေ့ရရင်တောင်စားမ၀င်အိပ်မပျော်ဖြစ်နေတာ

Freenbecky 🐰🦋🤍Where stories live. Discover now