အပိုင်း-10

163 13 0
                                    

"လင်းသစ်..အွန့်...လွှတ်....ငါမကြိုက်..."

အတင်းအကျပ်လုပ်နေတဲ့သူဟာ...မူးနေသည့်တိုင်အောင်အားကတစ်ချက်မှမလျော့သွား...အားချင်းမမျှသည့်အတွက်သူပြုသမျှသာခံနေရတော့သည်

ခနအကြာနမ်းပြီးသွားတဲ့အခါမှ...မုန်းအပေါ်မှောက်လျက်သားအိပ်ပျော်သွားလေသည်..

အိပ်ပျော်သွားတဲ့သူကိုကြည့်ပြီးမျက်ရည်လေးထိန်းမရအောင်စီးကျလာမိတယ်

အတင်းအကျပ်လုပ်တာဒါနဲ့ဆိုနှစ်ခါမြောက်ရှိပြီဖြစ်သည်

နင့်ကိုခွင့်မလွှတ်ချင်ပေမဲ့ငါစိတ်ကလက်မခံဘူး....နင်ကိုငါချစ်နေမိပြီထင်တယ် လင်းသစ်ရယ်

သူလဲအိမ်ပြန်ပို့ခဲ့ပြီး.....အိမ်ထဲကနေအသာထွက်လာလိုက်တယ်...

တော်သေးတာ‌ေပါ့အိမ်သားတွေအိပ်နေတာထင်တယ်။ငါအပြင်ထွက်လာတာဘယ်သူမှသတိမထားမိလို့

အိမ်ပေါ်ကိုသာအသာတတ်လာလိုက်စဉ်...

    "အ‌မလေး.....

မဟုတ်သာလုပ်ထားလို့လားမသိ...လူရိပ်တွေ့တော့လန့်ခနဲ

"ငယ်လေး...ညနက်နေပြီဘာလုပ်နေတာလဲ..."

"တီလေးကရော..."

ဟောကြည့်ပြန်မေးနေပုံလေးက....အိပ်မှုံစုံမွှားလေးနဲ့...

"မျက်စိတွေကိုတအားမပွတ်နဲ့လေ...တီလေးကိုကြည့်...ဘာထလုပ်တာတုန်း.."

"တီလေးခန်းထဲသွားတာ...တီလေးမရှိလိုအောက်ဆင်းရှာတာ.."

ဟုပါရဲ့...ငယ်လေးကအိပ်မပျော်ရင်သူ့အခန်းဆီလာအိပ်နေကျ....

"လာအဲ့တာဆိုသွားအိပ်ကြမယ်..."

"တီလေးကဘယ်သွားနေတာလဲလို့..."

"ရေဆင်းသောက်တာပါရှင်ရယ်....အမေးမြန်းကလဲကြီးပါ့
                  ................................
"အားးးကိုက်လိုက်တာခေါင်းက....

💭နောက်နေ့ခုလိုလုံးးဝ‌မသောက်တော့ဘူး....အရက်နာကျတာတဂယ်ဆိုးတာပဲ..မနေ့ကဘယ်လိုပြန်ရောက်လာတာပါလိမ့်....💭

အရင်ရက်ကအိမ်မှာသာသောက်လေ့ရှိသော်လည်း...မနေ့ကရှည်ပြီးဆိုင်သွားလောက်လိုက်တာ...ခေါင်းပါမထူနိုင်တဲ့အပြင်...ဘာမှစဉ်းစားလို့မရ

Love is beautiful 💭💖Where stories live. Discover now