အပိုင်း-12

310 14 0
                                    

" ဟျောင့် ပြောပြပါဆို"

အိမ်ပေါ်ထပ်ကနေဆင်းလာတဲ့တစ်လျောက်လုံး မရမကလိုက်မေးနေတာမို့ လှေကားကနေဆင်းနေရင်းရပ်လိုက်ကာနောက်သို့လှည့်လိုက်ပြီး

"နောက်တစ်ခါဆုံရင် ပြောပြမယ် ဟုတ်ပြီလား"

"မင်းသိလား ငါ့မှာတော့ မင်းဆီလာ‌ဖို့ကို ငါ့ဆိုင်ကိုပစ်ပြီးတော့ လာရတယ်ဆို‌တာလေ အဲ့တာတောင်မင်းက ခုလိုကြီးလျိုဝှက်တာတော့...

မတွေ့ရတဲ့အတော်တွင်းကို ဒီကောင်ဘာမှမပြောင်းလဲသွားဘူးပဲ ။စပ်စုတာကစားပွဲသာဆို သူကပြိုင်ဘက်ကင်းဖြစ်နေလောက်တယ် 

"နောက်ကျမှအေးဆေးတိုင်ပင်မလို့ပါကွာ ။ခုကမင်းလဲပြန်တော့မှာလေ"

အဲ့လိုပြောလိုက်တော့မှ ထောက်ခံသလိုခေါင်းတငြိမ့်ငြိမ့်လုပ်နေရာကနေ

"အင်းပါ မင်းအဆင်ပြေတဲ့အချိန်မှပြောပါလေ လောလောဆယ် ငါ့ကိုကိုစောင့်နေရတော့မယ် သွားမယ် လာ"

တတ်လဲတတ်နိုင်ပါတယ် ‌ခုလဲပြေးသွားပုံများ ဒီနေ့မှစရောက်ဖူးတဲ့အိမ်မဟုတ်တဲ့တိုင်း ပြေးတာကအကြောင်းမဟုပေမဲ့ နမော်နမဲ့နိုင်လွန်းတာကြောင့် ချော်လဲမှာစိုးလို့လှမ်းသတိပေးရသေးတယ်

                      ......................

ဆိုင်ကစောစောပိုင်းလောက်ကလောက်မဟုပေမဲ့ လူကတော့ကျနေဆဲ  ငခက်တို့ကတော့ ဆိုင်ထဲရောက်တာနဲ့ သူ့လူဆီပြေးကပ်တော့တာပဲ ဆိုင်ထဲမှဧည့်သည်တွေက သူတို့အာရုံနဲ့သူတို့မို့ သူတို့ကိုသတိထားမိမယ်မထင် သတိထားမိလဲအဲ့အတွဲကဂရုစိုက်လောက်မယ်လဲ မထင်ပါဘူးလေ အတွဲတွေ ကဲချက်က မျက်စိနောက်ချင်စရာ

"ငလင်းသွားတော့မယ်။ ဒါနဲ့ အိမ်နဲ့ဆက်သွယ်ဖြစ်လား မဟုတ်လဲငါနဲ့ကိုကို နက်ဖြန်ပြန်ဖြစ်မှာဆိုတော့ အိမ်ကိုလူကြုံပါးစရာရှိရင်ပေးလိုက်လေ ရတယ်"

"ညီ..."

အစ်ကိုအိမ့်မှူးကဝင်ဟန့်နေပေမဲ့ ထုံးစံတိုင်း ငခက်တို့ကတော့အားတတ်သရော မေးနေပုံက တကယ်ကူညီချင်နေတဲ့ပုံပါပဲ
အိမ် ...အင်း....အဆက်သွယ်ပျက်တာ အတော်ကြာ ပေါ့လေ မဆက်သွယ်တာထက် မဆက်သွယ်ရဲတာဆိုပိုမှန်တာပေါ့လေ သူ့ကိုတော့မပြောတော့ပါဘူး

Love is beautiful 💭💖Where stories live. Discover now