အပိုင်း-11

146 10 2
                                    

တစ်နာရီကျော် ဟုတ်တယ် နာရီကျော်ထိကို ရှေ့က တူအရင်းထက်ကိုပိုဂရုစိုက်နေတဲ့ အဒေါ်ရယ် ၊ပြောစရာရှိတယ်ဆိုပြီး သူ့အားရှိတယ်တောင်မထင်တော့တဲ့ တစ်ယောက်ရယ်ကို ဘာမှမပြောပဲထိုင်ကြည့်နေရသည်မှာတစ်နာရီကြာပြီ

ခုတော့စောနကထိကိုအဖတ်မလုပ်တဲ့ တီလေးက သူတို့ကိုကြည့်နေတာသိထားမိတယ်ထင်ပါ့ရဲ့ ကျွန်တော့အားလှမ်းကြည့်ပြီး


"စားမလို့ဆိုလဲယူစားလေ လင်းလင်းရယ် သူများစားတာမျှော်နေရတယ်လို့

ရပြီ ဒီလောက်ဆို လင်းသစ်အိမ်တို့ စိတ်ဆိုးဖို့လုံလောက်ပြီ ။ ဘေးနားကနှစ်ယောက်အား ဘုကြည့်ကြည့်ပြီးထွက်လာလိုက်တယ်။  အိမ်ရှေ့မှာကတီလေးရဲ့ဆိုင်တည်ထားပြီး ဆိုင်ရဲ့ဘေးနားလေးမှာတော့ ခြံတံခါး တစ်ခုရှိတယ်။ ခြံထဲကထွက်လာပြီး ‌အိမ်ရှေ့အုတ်ခုံမှာထိုင်နေရင်းက ဖျက်ထားတာကြာပြီဖြစ်တဲ့ဆေးလိပ်ကို ပြန်သောက်ချင်စိတ်ပေါ်လာတာနဲ့ အနီးနားကကွမ်းယာဆိုင်မှာဝယ်ပြီး စိတ်ကြိုက်ဖွာပြီးတော့ ဆေးလိပ်အား ခြေထောက်နဲ့တတ်နင်းကာမီးသက်ပြီး အိမ်ထဲသို့ဝင်ဖို့ပြန်အလှည့်.....

                  !!!!!!အမလေး!!!!!!

ခပ်တည်တည်ကြီးလက်ပိုက်ပြီးသူ့ကိုစိုက်ကြည့်နေတဲ့မုန်းကြောင့် လန့်သွားပြီးအော်လိုက်မိသည်အထိ

"မုန်း...ပြန်တော့မို့လား...အကိုလာမကြိုသေးဘူးမလား အိမ်ထဲမှာစောင့်နေပါလား"

"မကြိုခိုင်းထားဘူး အဒေါ့်ဆီမှာပဲအိပ်လိုက်တော့မှာမိုလို့လေ"

"အဒေါ်..."

"ဟုတ်တယ်လေ ဟိုမှာတွေ့လားအဲ့ဆေးခန်းပဲ "

ပြောပြီးကာမှဟိုတလော‌ကအကြောင်းသတိရပြီးသူ့ကိုပြန်ကြည့်လိုက်ချိန် အကြည့်ချင်းဆုံသွားတာမို့ အမြန်ပြန်လှည့်လိုက်တာနဲ့တပြိုင်နက် သူဆီက ရီသံခပ်သဲ့သဲ့ ကပ်ပါလာပြန်တယ် ။ ရှက်စိတ်နဲ့အတူ အဲ့တုန်းကအတွက်ပါအားနာစိတ်ပိုရပြန်တယ်

"အဲ့တုန်းကဖြစ်ခဲ့တာနဲ့ပက်သက်ပြီးအားနာနေပြန်ပြီလား "

"ဟမ်"

Love is beautiful 💭💖Where stories live. Discover now