Part4(Uni/ZG)

12.9K 655 3
                                    

""ရက်စက်တယ်!""

""သူအရမ်းရက်စက်တယ်!""ဇွဲမာန်က ဝီစကီတွေကိုသာ တစ်ခွက်ပြီးတစ်ခွက်လှိမ့်သောက်နေတော့သည်

သူ့ရင်ဘတ်တစ်ခုလုံးလည်း ပေါက်ကွဲထွက်မတတ်ပူလောင်နေရသည်

""ဘာလို့လဲ!  မင်းကိုငါ့ဘဝတစ်ခုလုံးနဲ့ရင်းပြီးချစ်ခဲ့တာလေ""

""ဘာလို့ငါ့အပေါ်မှ ဒီလိုလုပ်ရက်ရတာလဲနီယွန်ရာ!""

""နီယွန် ကိုယ့်ကိုပဲချစ်ရမယ်!""

ဇွဲမာန်မူးမူးရူးရူးနဲ့လျှောက်အော်နေမိတော့သည်

တစ်ချက်တစ်ချက်လေတွေပါထိုးအန်နေတာကြောင့်ဘေးဝိုင်းကလူတွေကို အနှောင့်အယှက်ဖြစ်စေတာတော့အမှန်ပင်

""ဟေ့ရောင်နားငြီးတယ်! အသဲကွဲရင်‌လည်း အေးဆေးနေ ဒီဆိုင်မှာမင်းတစ်ယောက်ထဲရှိနေတာမဟုတ်ဘူး! အာရုံကိုနောက်တယ်""

ဘေးဝိုင်းက အမူးသမားတွေကလဲ အရည်ဝင်တော့ သွေးဆိုးချင်လာကြသည်

""အေးဆေးမနေတော့ဘာလုပ်ချင်လဲကွာ!ချမလား""

""ကြိုက်တယ် အဲ့လိုစိန်ခေါ်တာမျိုးကိုမှကြိုက်တာ!""ဘေးဝိုင်းကကောင်တွေက လက်ဆစ်တွေချိုးပြီးထရပ်လာကြသည်

""တော်! တော်ကြပါတော့အစ်ကိုတို့ ကျွန်တော်ပဲကြားထဲကတောင်းပန်ပါတယ် ဒီအစ်ကိုကအရမ်းမူးနေလို့ပါ""ဝိတ်တာလေးက ဇွဲမာန်ကိုထိန်းထားပြီး ဇွဲမာန်ဘောင်းဘီအိတ်ထဲက မြည်နေတဲ့ဖုန်းကို ထုတ်ကိုင်လိုက်သည်

""ဟလို""

""ဟိတ်ရောင်ငဇွဲ မင်းဘယ်မှာလဲ""

""အစ်ကို အစ်ကိုသူငယ်ချင်းလားမသိဘူး ဒီမှာအရမ်းမူးနေလို့လာခေါ်ပေးလို့ရမလား""

""အာ!ဒီငနာကောင်ကတော့ လိပ်စာပြော ငါအခုလာခဲ့မယ်""

ဝိတ်တာလေးက ဇွဲမာန်ကို ခုံပေါ်ပြန်ထိုင်ခိုင်းလိုက်ပြီး သူလုပ်စရာရှိတာတွေကို ဆက်လုပ်နေရသည်

စောနက ဇွဲမာန်နဲ့တေးနေကြတဲ့လူသုံးယောက်ထဲက တစ်ယောက်ကထလာပြီး ဇွဲမာန်ပိုက်ဆံအိတ်ကို ဖျက်ခနဲဆွဲလုလိုက်သည်

ချစ်နေ့စွဲများရှည်ပါစေ....(Completed)Where stories live. Discover now