ဒီနေ့ ဒေါ်ထိပ်ထားဒေဝီကို အပြင်ခေါ်ပြီး သူစားချင်တာတွေလိုက်ကျွေး သူshoppingထွက်ချင်တဲ့နေရာတွေအကုန် လိုက်ပို့နေရသည်
ကလောမြို့မဈေးကိုသွားပြီး ရှမ်းစာ၊ဗမာစာ၊တရုတ်စာ စိတ်ကြိုက်စားပြီးတာတောင် ဒေါ်ထိပ်ထားဒေဝီတို့ကအားမရသေး Cafe'Kalawကိုခေါ်ပြီး ကော်ဖီလိုက်တိုက်ရသေးသည်
ဒီလိုမားမားမျိုးတစ်ယောက်ထဲရှိလို့သာပဲ နှစ်ယောက်သာရှိလို့ကတော့ ခေါင်းမွှေးတင်မဟုတ်ဘူး ရှိသမျှအမွှေး အကုန်ပြောင်မှာ ဦးဟန်သာကိုရေ။
ဇက်ကသူ့အဖေ ဦးဟန်သာကို,ကိုသာတလိုက်မိတော့သည်
ဇက်ရဲ့ မားမားက စော်ဘွားအနွယ်ဝင်ဖြစ်ပေမဲ့ ပါးပါးကတော့ သာမာန်မျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ပါပဲ
မားမားတို့ကလည်း အရမ်းကြီးရှေးရိုးစွဲတဲ့ထဲမပါကြ အဲ့တာကြောင့်လည်းအခွံပဲရှိတဲ့ဟော်နန်းကိုကယ်တင်ဖို့ မားမားမိဘတွေကိုယ်တိုင်က မားမားနဲ့ပါးပါးကိုပေးစားခဲ့တာတဲ့။
""မားမား ဒီနေ့ပြန်တော့မယ်""
""ဟေး! မားမားတကယ်ပြောနေတာလား""
မားမားက ကော်ဖီတစ်ငုံသောက်ရင်း စိတ်ပြတ်လက်ပြတ်နဲ့ပြောလိုက်ပေမဲ့ သားဖြစ်သူကကြားကြားချင်းအပျော်လုံးဆို့သွားသည်
ဇက်ကဝမ်းသာလုံးဆို့ပြီးမေးထည့်လိုက်တာ အသံကျယ်သွားတယ်ထင်တယ် ဘေးဝိုင်းကလူတွေတောင် သူတို့ကိုလှည့်ကြည့်လာကြသည်
""ကြည့်စမ်း ကြည့်စမ်း မအေကိုဘယ်ကထဲက ပြန်စေချင်နေလဲမသိဘူး""
""အာအဲ့လိုမဟုတ်ပါဘူးမားမားကလဲ""ဇက်က ဝမ်းနည်းချင်ယောင်ဆောင်ပြီး မျက်နှာပိုးကိုအမြန်သတ်ထားလိုက်ရသည်
""ပြောတော့ ဒီသားလေးဆီမှာ တစ်လကိုးသတင်းနေမှာပါဆို ဘာလဲ အခုမှ နှစ်ရက်နဲ့တစ်ပိုင်းပဲရှိသေးတယ် ဦးဟန်သာကို,ကို လွမ်းနေပြီလား""
""တော်စမ်းပါ မားမား နှစ်ရက်တစ်ပိုင်းလေးလာနေတာတောင် ကမ္ဘာပျက်မတတ်ဖြစ်နေရတာကသူ""
""ကမ္ဘာပျက်မတတ်ဖြစ်နေရတာကျွန်တော်မဟုတ်ဘူးမားမားရဲ့ မယုံရင်မေးကြည့် အဲ့တာဦးဟန်သာကို တကယ်တော့ မားမားလည်းပါးပါးကိုလွမ်းနေတာပဲမဟုတ်လား""

YOU ARE READING
ချစ်နေ့စွဲများရှည်ပါစေ....(Completed)
Romanceဇိုးဇက်ဟန်သာကို=ကိုကို နီယွန်လင်းလက်=ချာတိတ်