Part31(Uni/ZG)

12.3K 531 2
                                    

တစ်လကြာပြီးနောက်.....

မျှစ်ပြုတ်နဲ့သက်ဝေယံ ကျောင်းအတူတူပြန်လာကြရင်း မျှစ်ပြုတ်က ပြိုင်ဘီးကလေးတွန်းနေတဲ့သက်ဝေယံ‌ရဲ့ ကျောပြင်ကိုငေးရင်း တိုးဖွဖွခေါ်လိုက်သည်""သက်ဝေယံ""

သက်ဝေယံက မျက်မှန်အဝိုင်းလေးပင့်ကာ နောက်လှည့်ကြည့်လိုက်ပြီး မျှစ်ပြုတ်ကိုမေးဆက်ပြလိုက်သည်

""ဘာလဲပြောလေကောင်းထက်နိုင် ခေါ်တုန်းကခေါ်ပြီးတော့""

""ဟို... မင်းဆီမှာဖုန်းရှိတယ်မလား""

""အွန်းရှိတယ် ဒါပေမဲ့ ငါ့အဖေက စာလုပ်ဖို့အတွက်ပဲပေးထားတာ""

""မင်းညနေပရုတ်ပင်ကြီးအောက်လာရင် မင်းဖုန်းခဏယူခဲ့လို့ရမလား""

""ဘာလုပ်ဖို့လဲ""

""ဒီနေ့ အစ်ကိုဇက်ဆိုင်ကယ်စီးပြိုင်ပွဲဝင်ထားတာ liveလွှင့်မှာလေ အဲ့တာငါကြည့်ချင်လို့""

သက်ဝေယံက ခပ်တွေတွေလေးစဉ်းစားနေပြီးမှ""အမ်...ငါယူလို့ရအောင်တော့ ကြိုးစားကြည့်ပါ့မယ်""

""ကျေးဇူးပဲ သက်ဝေယံ""

""အေး""သက်ဝေယံကအရှေ့ကိုပြန်လှည့်သွားပြီး သူ့ပြိုင်ဘီးလေးကိုဖြေးဖြေးချင်းတွန်းနေသည်

သက်ဝေယံရဲ့ပြိုင်ဘီးက နောက်ကယ်ရီယာခုံမပါတာကြောင့် မျှစ်ပြုတ်နဲ့အတူပြန်တိုင်း သက်ဝေယံက သူ့ပြိုင်ဘီးလေးကို မမောမပန်းတွန်းပြန်သည်

>>>>>>>>>>>>>>>>>>>>>>>

ညနေလေးနာရီရောက်တော့ မျှစ်ပြုတ်နဲ့သက်ဝေယံပရုတ်ပင်ကြီးအောက်မှာ ခေါင်းချင်းဆိုင်ပြီး မနေ့ညကအစ်ကိုဇက်ရေးပေးသွားတဲ့Youtube Channelကိုရိုက်ရှာကြည့်လိုက်သည်

""ဟိတ်ရောင် ကောင်းထက်နိုင်ဒါလား ပွဲစနေပြီ""

မျှစ်ပြုတ်ကကြည့်လိုက်ပြီး""အေးဟုတ်တယ်ဟ နေအုံး ဒါကအငယ်တန်းအဆင့်တွေအရင်ပြိုင်နေတာသက်ဝေယံ ငါ့အစ်ကိုဇက်က စီနီယာတန်းကပြိုင်ရမှာ သူတို့ထပ်အင်ဂျင်ပါဝါလည်းပိုကြီးတယ် အစ်ကိုဇက်ပြောပြတာတော့ကွင်းတွင်းလမ်းကြမ်းမောင်းပြီး ပြိုင်ရမှာတဲ့""

ချစ်နေ့စွဲများရှည်ပါစေ....(Completed)Where stories live. Discover now