မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့အစားအစာကိုပဲအားကိုးတယ်

1.6K 154 0
                                    

Chapter 69

သူတို့ရောက်လာရခြင်း၏ ရည်ရွယ်ချက်ကို သိသည်နှင့် သားဖြစ်သူသည် အလွန်ပျော်သွားခဲ့သည်။ သူတို့သည် ပြောင်းဖူးရောင်းချဖို့ကို တစ်ပတ်ကျော်သည်အထိ စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျင် သူတို့ကို ကူညီဖို့အတွက် တီဗီရှိုးနှင့် နာမည်ကြီးသရုပ်ဆောင်များ ရောက်ရှိလာလေပြီဖြစ်သည်။ နောက်ဆုံးတော့ မျှော်လင့်ချက်ရရှိခဲ့လေပြီပင်ဖြစ်၏။

သူတို့အားလုံးသည် ခြံထဲရှိ ချိုမြိန်သောပြောင်းဖူးများကို ခူးဆွတ်လိုက်ကြပြီးဖြစ်သည်။ ထန်ချောင်းချောင်းသည် ပြောင်းဖူးများကို ကြည့်လိုက်သည်။ ပြောင်းဖူးများသည် အစေ့ပြည့်နှက်လျက် ရွှေရောင်သန်းကာ ကြည့်ကောင်း၏။

သူတို့သည် ပြောင်းဖူးများ ရောင်းချကြမည်ဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်ရာမှာ ပြောင်းဖူးကို အတင်းအကျပ်ရောင်းနေခဲ့မည်ဆိုလျင် ငါးမိနစ်ထက်မကျော်စေပဲ ဘာမှပြောလို့ရမည်မဟုတ်ပေ။

ထန်ချောင်းချောင်းသည် ခေတ္တခဏစဥ်းစားပြီး ပြောလိုက်သည်။ “ကျွန်မ ပြောင်းဖူးနဲ့ ပက်သက်တဲ့ ဟင်းတွေကို ချက်ပေးလို့ရတယ်.. ဒါဆိုရင် ကြည့်တဲ့သူတွေလည်း ဒီ  တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ပြီးသွားကြရင် ပြောင်းဖူးဝယ်တဲ့အခါကျ တခြားနည်းလမ်းတွေနဲ့လည်း စားလို့ရတယ်ဆိုတာကို သိသွားကြမှာ”

ထို့ကြောင့် “တောရိုင်းထဲမှ ရှင်သန်လွတ်မြောက်ခြင်း” ဆိုသည့် တီဗီရှိုးထဲတွင်  “လယ်သမားများကို ကူညီသည့် အထူးအစီအစဥ်” ဟူသော တိုက်ရိုက်ထုတ်လွှင့်ခြင်းလုပ်ငန်းစဥ် စတင်လေတော့သည်။

ထန်ချောင်းချောင်းသည် ခြံထဲမှာရှိသည့် မီးဖိုအသေးလေးကို အမိုးမဲ့နေရာတွင် ယူထားလိုက်သည်။

သူမသည် ကင်မရာရှေ့တွင်ထိုင်ပြီး ချိုသာသောအပြုံးဖြင့်ပြောသည်။

“တိုက်ရိုက်ကြည့်နေတဲ့သူတွေအားလုံး ကျွန်မတို့က ပြောင်းဖူးရောင်းကြမယ်ဆိုတာ သိကြမယ်ထင်ပါတယ်.. တချို့လူတွေက ဒီပြောင်းဖူး အရည်အသွေးကောင်းမကောင်း စိုးရိမ်နေကြမယ်ထင်ပါတယ်.. ဒါကြောင့် ကျွန်မ ပြောင်းဖူးနဲ့ ပက်သက်တဲ့ အရသာရှိတဲ့ ဟင်းလျာတွေကို ချက်ပြမှာဖြစ်ပါတယ်ရှင့်.. ပြီးရင်တော့ ဒီက လူတွေကို အရသာ စမ်းမြည်းခိုင်းမှာဖြစ်ပါတယ်”

မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့အစားအစာကိုပဲအားကိုးတယ်Where stories live. Discover now