မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့အစားအစာကိုပဲအားကိုးတယ်

1.6K 168 0
                                    

Chapter 72

ဒါသည် ထန်ချောင်းချောင်း၏ ကူညီထောက်ပံ့ပေးမှုကြောင်းဆိုတာကို ရှန်းယွဲ့သိသည်။

ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ ခြေထောက်ကိုဖိပြီး တည်ကြည်စွာ မေးသည်။

“အခု ရှင့်ခြေထောက် ခိုင်လာပြီလို့ ခံစားရလား”

“မခံစားရဘူး” ရှန်းယွဲ့သည် ပြန်ပြောလိုက်ပြီး ဒါသည် အမှန်တရားပင်ဖြစ်၏။

ထန်ချောင်းချောင်းသည် နောက်ထပ်နည်းလမ်းတစ်ခုကို စဥ်းစားပြီး “ရှင်မတ်တပ်ရပ်ကြည့်ပြီး လမ်းလျှောက်ကြည့်လို့ရပြီလို့ ကျွန်မထင်တယ်.. သုံးလွှာမှာ ပြန်လည်ထူထောင်ဖို့ ပစ္စည်းတွေရှိတယ်.. အဲ့ဒါကို ကြိုးစားကြည့်ရအောင်”

အိမ်ကြီး၏ သုံးလွှာမှာ သီးသန့် audio-visual room တစ်ခုတည်းမဟုတ်ပဲ ကြီးမားသည့် အားကစားခန်းမလည်း ရှိပေသည်။ ရှန်းယွဲ့မတော်တဆမှုဖြစ်ပြီးမှ ရောက်လာသည့် ပစ္စည်းပစ္စယများအပါအဝင် ခန္ဓာကိုယ်အတွက် အသုံးအဝင်သည့် ကိရိယာများလည်းရှိသည်။

ထိုအချိန်က ရှန်းယွဲ့၏ခြေထောက်သည် အခြေအနေဆိုးရွားနေခဲ့ပြီး ထိုကရိယာများသည်လည်း တစ်ခါမှမသုံးဖြစ်ခဲ့ချေ။

ထန်ချောင်းချောင်းသည် ရှန်းယွဲ့ငြင်းမှာကို မစောင့်တော့ပဲ ဓာတ်လှေကားနှင့် သုံးထပ်သို့ တွန်းပို့ခေါ်ဆောင်လာခဲ့သည်။

ပြန်လည်ကောင်းမွန်ရေးအတွက် ပစ္စည်းပစ္စယများနှင့် ထိပ်တိုက်တွေ့ပြီးနောက် ရှန်းယွဲ့ အနည်းငယ် သောကရောက်သွားသလိုခံစားရလေသည်။ သူ၏ခြေထောက်နှင့် ခြေဖဝါးတွင် နာကျင်မှုကို ခံစားရခဲ့ပြီးသော်လည်း မတ်တပ်ရပ်ရမည်မှာ ဖြုန်းတီးရာကျသည့်မျှော်လင့်ချက်ဖြစ်သဖြင့် ကြောက်ရွံ့နေဆဲဖြစ်သည်။ ကားအက်ဆီးဒင့်ဖြစ်ခဲ့ပုံကို အမှတ်ရပြီး သူ၏ခြေထောက်သည် မတ်တပ်ရပ်ရမည့်အကြောင်းကို တွေးလိုက်သည်နှင့် အားနည်းလာလေတော့သည်။

ရှန်းယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး “အချိန်မကျသေးဘူးလို့ထင်တယ်.. အပ်စိုက်ကုထုံးနဲ့ နှိပ်တာကို နည်းနည်းထပ်လုပ်ကြည့်ရအောင်”

မမလေးအစစ်ကပြန်တိုက်ခိုက်ဖို့အစားအစာကိုပဲအားကိုးတယ်Where stories live. Discover now