1

110 6 2
                                    

"ဝါး"

တက်ကြွစွာ နိုးလာတဲ့ မနက်ခင်းလေးက အကောင်းဆုံးပဲပေါ့..

"La la la la la"
Shower music box is the best part of a day...

ကြက်ဥမွေကြော်လေးနဲ့ ကော်ဖီမွှေးမွှေး
မနက်ခင်းရဲ့ သုခဘုံပဲ...

နောက်ဆုံး ရှပ်အဖြူနဲ့ style pant အညိုလေးတွဲဝတ်ပြီး မျက်မှန်လေးပါတပ်လိုက်..

"Apo is the most handsome man"

နာရီကြည့်လိုက်တော့ ၈ နာရီ စွန်းစွန်းပဲရှိသေးတယ်ဆိုပေမဲ့ ကျောင်းရဲ့ ပထမရက်မှာ အချိန်စောရောက်နေမှ...

ကားအမဲလေးဟာ သာယာအေးချမ်းလှတဲ့ ကျောင်းဝင်းထဲ ရောက်ရှိပြီး..
ခန့်ညားတဲ့ သူဟာလည်း ကားပေါ်မှ ခြေအချ ဇာတ်လမ်းတွေတဲ့မှာမြင်ရတဲ့ မြင်ကွင်းတွေလို ဆံပင်လွင့်ရုံမျှ လေပြေအေးအေးလေးနဲ့

"ဖုန်း"

ဘောလုံးတစ်လုံး မျက်နာ ဆီကိုတဲ့ ဝင်လာတော့သည်။

အလှတပ်လာတဲ့ မျက်မှန်လေးဟာလည်း
အလယ်တိတိကကျိုးခဲ့ သလို လွင့်နေတဲ့ ဆံပင်ပါ ထောင်သွားစေသည်။

"Sorry"

အော်သံတစ်ချက်ပဲ ကြားလိုက်ရပြီး လူက ဘယ်ဆီနေမှန်းမသိ...

"စိတ်လျော့ နတ်တဝင်း စိတ်ကိုလျော့"

ဝင်လေ ထွက်လေ မှတ်ပြီး မကျေတဲ့ အင်္ကျီကိုဖုန်အတင်းခါရင်း ထောင်နေတဲ့ဆံပင်ကိုပြန်ဆွဲချလိုက်သည်။ထောင်းထလိုက်သော ဒေါသလည်း ပါလို့ ပါညားပေါ့...

ရှက်ရှက်နဲ့ ကျောင်းထဲဝင်ရင်း ဦးတည်ရာက ရုံးခန်း..

"မင်္ဂလာပါဗျ။ကျွန်တော်က Apo Nattawin ပါ။"
"အသစ်ရောက်လာတဲ့ ဆရာမလား ထိုင်ပါ"
"ကျေးဇူးပါ"
"ကဲ မောင်ရင် ဘာသောက်မလဲ အအေးလားအပူလား"
"နေပါစေဗျ။"
"ကဲ အဲ့တာဆို ဆရာကိုကော်ဖီတစ်ခွက်"
"ဗျာ...အော် ဟုတ်ကဲ ခင်ဗျာ"

ကော်ဖီတိုက်မယ် မှတ်ပြီး ငြင်းလိုက်ပေမဲ့ ဖျော်ပေးခိုင်းသည်ဆိုတာ နတ်တဝင်းလေး မသိခဲ့ပါ။
မအူမလည်နဲ့ ကော်ဖီစက်နားသွားပြီး အုပ်ကြီးဖို့ တစ်ခွက်ဖျော်ပေးလိုက်ရပါတော့သည်။

"ကဲ မောင်ရင် က အခုမှ အသစ်ရောက်တာဆိုတော့ အတန်းအများကြီးတော့ မအပ်ပါဘူး"
"ဟုတ်ကဲ့ဗျ"
"၈တန်း အခန်း F တစ်ခုတည်းပါ"
"ဟုတ်ကဲ့ဗျ ကျွန်တော် ကြိုးစားပါ့မယ်။ဒါဆို ကျွန်တော့်ကို ခွင့်ပြုတာအုန်း"
"ကောင်းပါပြီ ဒါနဲ့ မောင်ရင့် နာမည်က အဖိုးနော်"
"အပို ပါဗျ အဖိုးမဟုတ်ပါဘူး။ခွင့်ပြုပါအုန်း"

Mockingbird Où les histoires vivent. Découvrez maintenant