III

440 83 14
                                    

Uni


တိတ်ဆိတ်နေသောအဆောင်ထဲဝယ်
တစ်ယောက်တည်းနေရသည်မှာပျင်း
ခြောက်ခြောက်နှင့်။မျက်စိရှေ့မှာစာအုပ်
ပေါင်းရာချီရှိနေသော်လည်း စာတစ်လုံးမှ
မတတ်သူမှာငေးကြည့်ရုံသာတတ်နိုင်၏။
နောက်ဆုံး ထိုအဆောင်ထဲမှာဘဲမနေနိုင်
တော့၍ ထွက်လာခဲ့မိသည်။

အိမ်တော်ထဲကအစေခံများမှာကိုယ်စီလုပ်တွေနှင့်ရှုပ်ယှက်ခတ်နေကြသည်။ ပျင်းပျင်းရှိတာနဲ့ အပြင်ထွက်ဖို့
လုပ်တော့ မနေ့ကကိုယ်ရံတော်ဆိုသည့်လူနှင့်တည့်တည့်
လာပြီးတိုး၏။

“ ဘယ်ကိုသွားမလို့ပါလဲ... ”

“ ပျင်းလို့ အပြင်သွားမလို့ပါ ”

“ ဘယ်မှမသွားပါနဲ့ မိဖုရားကအခုခေါ်ခိုင်းလိုက်တယ်
သခင်လေးကိုသွားခေါ်ဦးမှာမို့ ဒီမှာဘဲစောင့်နေပါ ”

ထိုသို့ပြော၍ဝင်သွားပြီးမကြာ သခင်နှင့်အတူထိုလူဟာထွက်လာသည်။ ဦးစွာထွက်သွားသောသူနှစ်ယောက်အနောက်ကခပ်ကုတ်ကုတ်လိုက်သွားရသည်။

သခင်ကဝေါယာဉ်ပေါ်တက်သလို ကိုယ်ရံတော်မင်
ဟာလည်း သူ၏စီးတော်မြင်းပေါ်မှာနေရာယူပြီးပေမယ့်
အပြင်မှာအူကြောင်ကြားနှင့်ရပ်ကျန်နေသည့်သူ့အား

“ ဟေ့! ဘာတွေငေးနေတာလဲ မြန်မြန်တက်လေ ”

ထိုတော့မှ ပျာပျာယာယာတက်လာသောသူကို
အကြည့်တစ်ချက်ပို့ရင်း ဝေါယာဉ်ကို ထွက်ခိုင်းစေသည်။
လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေပြီးမှ တစ်ယောက်
ယောက်ကိုယ့်အားစိုက်ကြည့်နေသလို စိတ်ထဲမသိုးမသန့်
ခံစားနေရ၍လှည့်ကြည့်မိတော့ သခင်ဖြစ်နေလေသည်။

“ မင်း... ဒီကိုမရောက်ခင်ကာ ဘာလုပ်လဲ~ ”

“ ဗျာ! ”

“ မင်းအရင်ကဘာအလုပ်လုပ်လဲလို့မေးနေတာ ”

“ အဲ့_ အဲ့ဒါက... ”

သခင့်မေးခွန်းအဆုံးမှာကိုယ့်စိတ်နှလုံးမှာကယောင်က
တမ်းတုန်လှုပ်ခြောက်ခြားသွားသည်။သူဘယ့်နှယ့်ဖြေ
ရမတုန်း။ ကိုယ့်အားစိုက်ကြည့်အကဲခတ်နေသော
သခင့်မျက်နှာကိုရင်မဆိုင်နိုင်စွာ ခေါင်းကိုဂုတ်ကျိုးသွား
မတတ်ငုံ့ထားမိသည်။

𝐘𝐨𝐮𝐫 𝐄𝐲𝐞𝐬 𝐓𝐞𝐥𝐥 [ VKOOK ]Where stories live. Discover now