IV

661 85 14
                                    

Uni



“ အိုမို... နှစ်ယောက်သားရဲ့ဇာတာတွေက
ဘာ့ကြောင့်ယောကျာ်းလေးတွေဖြစ်ပါလျက်
နေနဲ့လ ရွှေနဲ့မြလိုလိုက်ဖက်ညီနေရပါလဲ ”

နတ်ဆရာမကအံ့အားသင့်စွာဆိုလာလျှင်
မိဖုရားကြီးကပါ ဇာတာခွင်အင်းချပ်ကို
စူးစမ်းကြည့်မိသည်။ သို့သော်သူဘာကိုမှ
နားလည်းခြင်းမရှိပါ။

“ အဟမ်း! မယ်မင်းကိုငါက ငါ့သားတော်အပေါ်
မှီတွယ်နေတဲ့ဝိဉာဉ်ဆိုးကို ဒီကလေးနဲ့ရေရှည်
ထိန်းချုပ်ထားလို့အဆင်ပြေနိုင် မပြေနိုင်ဆိုတာ
ကြည့်ခိုင်းတာလေ... မယ်မင်းကဘာတွေကြည့်
ပေးနေတုန်း ”

“ အဲ... စိုးရွံ့မိပါတယ် မယ်မယ်~ ”

မိဖုရား၏ဟိန်းဟောက်မှုကြောင့် နတ်ဆရာမက
နေနဲ့လရွှေနဲ့မြ အကြောင်းခေါင်းထဲကဖယ်ထုတ်ကာ
ဆန်စေ့များကိုစားပွဲပေါ်ကျဲချလိုက်သည်။

“ ဒီကလေးတွေရဲ့ဇာတာကအကောင်းနဲ့အဆိုး
ဒွန်တွဲနေပါရောလား... မယ်မယ့်သားတော်မှာ
ကပ်ငြိနေတဲ့အစွဲကို ဒီကလေးကချွတ်ပေးနိုင်လိမ့်မယ်
သူ့ကိုယ်သူစတေးပြီးတော့ပေါ့ ... မယ်မယ့်သားတော်
အတွက်အကောင်းပေမယ့် သူ့အတွက်ကတော့ သိပ်ကို
ဆိုးရွားတဲ့ကံကြမ္မာပါလား ”

နတ်ဆရာမ၏စကားအဆုံး မိဖုရားရင်တွေလေးလံ
သွားရသည်။ သူ၏သားတော်တစ်ယောက်တည်းရဲ့
တစ်ဘဝကောင်းစားဖို့ တစ်ဦးတစ်ယောက်ရဲ့အသက်
ကိုစတေးရမယ်ဆိုတာကိုတော့သူလုပ်နိုင်မယ်မထင်ဘူး။
အစတည်းကဘဝမလှခဲ့သည့်ကလေးတစ်ယောက်ကို
သူကရောဘယ်လိုစိတ်နဲ့ အာဏာသုံးပြီးစေခိုင်းရက်
ပါမလဲ။ 

သူဒီလောက်ထိရက်စက်တဲ့လုပ်ရပ်ကိုမလုပ်နိုင်ပါဘူး။
ဒီလုပ်ရပ်ကိုကိုသားတော်သိရင်လည်း လက်ခံမှာ
မဟုတ်။ တစ်ကယ်ဘဲ ခဲလေသမျှတိုင်းသဲမြေကျလိုက်
ဖြစ်နေသော သားတော်ရဲ့ဘဝကမျှော်လင့်ချက်မဲ့နေပြီလား။

“ ဒါဖြင့် ငါ့သားတော်ကိုတစ်ခြားနည်းနဲ့
ကယ်တင်ဖို့မဖြစ်နိုင်တော့ပေဘူးလား ”

“ မယ်မယ်သိတဲ့အတိုင်း ကပ်ငြိနေတဲ့ဝိဉာဉ်က
လူဖြစ်ကတည်းကအောက်လမ်းအတတ်တွေ
တတ်နေခဲ့တာလေ... လူ့လောကကြီးကိုကောင်းတာ
ထက်မကောင်းတာကပိုကြီးစိုးနေဆဲဘဲ... တစ်ခုကို
လိုချင်ရင်တစ်ခုကိုစွန့်လွှတ်ရတာကထုံးစံပါဘဲ...
မယ်မယ်ရယ်~ ကျွန်တော်မျိုးတတ်စွမ်းသလောက်
မယ်မယ့်ကိုကူညီပါ့မယ်... ဒီကြားထဲအဲ့ကလေးနဲ့
အရှင့်သားကို ကုသိုလ်အတူပြုခိုင်းရင်း အရင်ဆုံး
အရှင့်သားဆီရှိနေတဲ့ မကောင်းတဲ့ဝိဉာဉ်ကိုအားနည်း
အောင်အရင်လုပ်စေရမယ်... အဲ့ဒီအချိန်တွင်းဒီဝိဉာဉ်
ကိုရှင်းထုတ်နိုင်မယ့်တစ်ခြားနည်းရှာကြတာပေါ့... ”

You've reached the end of published parts.

⏰ Last updated: Jul 18, 2023 ⏰

Add this story to your Library to get notified about new parts!

𝐘𝐨𝐮𝐫 𝐄𝐲𝐞𝐬 𝐓𝐞𝐥𝐥 [ VKOOK ]Where stories live. Discover now