အပိုင်း-၁၃

362 33 1
                                    

ကျေးဇူးပြုပြီး ကျွန်မ ကမ္ဘာမှာနေပါ မောင်ရယ်
မောင့်အပြုံးနဲ့ နွေးချင်တယ်
မောင့်စိတ်နဲ့ပဲ လင်းချင်တယ်
မောင်ပျော်နေတဲ့အခါ အတူရယ်မောပြီး မောင်ဝမ်းနည်းနေတဲ့အခါ လိုက်ကြေကွဲချင်တယ်
ဒီနေ့နဲ့မနက်ဖြန် အနာဂတ်နဲ့ပစ္စုပ္ပန်တိုင်းကို
မောင့်လက်ဖမိုးလေး မွှေးမြရင်းကူးလူးဖြတ်သန်းမယ်
အပြန်အလှန် ခွင့်လွှတ်ကြမယ် မျှဝေကြမယ်
နှစ်ကာလတွေကို အတူကုန်ဆုံးဖို့
ကျေးဇူးပြုပြီး ကျွန်မကမ္ဘာမှာနေပါ မောင်ရယ်


"ဘေဘီ..... ဒီမမက ကင်မင်ဂျူတဲ့
ကိုယ့်ထက် သုံးနှစ်ကြီးတယ်
ကိုယ်တို့ငယ်ငယ်လေးကတည်းက သိခဲ့ကြတာလေ "

"ကျွန်မက အန်ယူဂျင်းပါ"

မိန်းကလေးက ခေါင်းညိမ့်ပြီး ယူဂျင်းကိုအသိအမှတ်ပြုတယ်။
ဝန်ယောင်းဆီမှာ ​နေရခက်တာမျိုးလုံးဝမရှိသလို ကင်မင်ဂျူဆီမှာလဲ ဘာအန္တရာယ်အငွေ့အသက်မှ ရှိမနေပါ။
ဒီတော့မှပဲ ယူဂျင်းသက်ပြင်းတစ်ချက်ခိုးချလိုက်မိတယ်။

"မမ ဒီတစ်ခေါက်အပြီးပြန်လာတာလား"

"ဟင့်အင်း.... ယောင်းရဲ့လက်ထပ်ပွဲသတင်းကြားလို့ လာခဲ့တာ"

"ဪ "

သုံးယောက်ကြားမှာ ပြောစရာစကားမရှိတော့သလို တိတ်ဆိတ်သွားတယ်။
အမှန်တော့ သူတို့နှစ်ယောက်ကိုထားခဲ့ပြီး ယူဂျင်းရှောင်ထွက်ပေးသင့်ပေမယ့် အဲ့လိုမလုပ်ချင်ပါ။
ဝန်ယောင်းကလဲ ထမထွက်သွားသလို ကင်မင်ဂျူကလဲ ရောက်ကတည်းက ယူဂျင်းတို့နားကနေမခွာ......
ဝန်ယောင်း ရည်းစားရှုပ်တာတွေက လွန်ခဲ့တဲ့နှစ်တွေမှာ ကျန်ခဲ့ပေမယ့် အခုကျ ဘာလို့များသူ့ဘေးမှာ မိန်းကလေးတွေတစ်ယောက်ပြီး တစ်​ယောက်ပေါ်လာရတာလဲ။
ယူဂျင်းကပဲ သူ့အပေါ်စိတ်ဝင်စားမှုနဲလို့ မသိခဲ့တာများလား။

"ဝန်ယောင်း.... အမလေးဟယ်
ဇာတ်လိုက်နှစ်ယောက်က ဒီမှာကျောက်ချနေကြပါလား ၊ ဧည့်သည်တွေကို ပစ်မထားနဲ့လေ
ဟင်..... မင်ဂျူ"

"ဟဲလို ဒါအာ ၊ နင်တို့ညီအစ်မနှစ်ယောက်ငါ့ကို ဖိတ်စာလေးတောင် လှမ်းမပို့ဘူးနော်"

My heart leaps up when I beholdWhere stories live. Discover now