အပိုင်း-၃၂

365 27 7
                                    

ဖေဖေတို့ကိုလိုက်ပို့တုန်းက မမကတည်ငြိမ်နေသလောက် ယူဂျင်းမှာမငိုမိအောင်အတင်းထိန်းထားရတယ်။
ဝန်ယောင်းသာ ယူဂျင်းလက်မောင်းကိုဆုပ်ကိုင်မပေးထားဘူးဆိုရင် ရှုံးပွဲချငိုပစ်မိမှာအမှန်.....
မေမေတို့က ပုံမှန်လိုပဲစကားတွေပြောနေတယ်။
မသိရင် ခနအလည်သွားမယ့်သူတွေလိုပဲ။

"မေမေတို့သွားပြီနော်"

ယူဂျင်းတို့ကို ပွေ့ဖက်နှုတ်ဆက်ပြီးလေယာဥ်ပေါ်တက်သွားတဲ့မေမေတို့ကို မကြည့်နိုင်တော့လို့ ဝန်ယောင်းပုခုံးပေါ်မျက်နာအပ်မိတယ်။

"ယူဂျင်းရယ်.... နင် ကလေးလဲမဟုတ်ဘဲနဲ့"

မမက ရယ်တောင်ရယ်နေသေးတယ်။
သူတို့ဘာမှမခံစားကြရဘူးလားမသိ။
ယူဂျင်းကပဲ ပိုနေတာလား.....
ဒါပေမယ့် ရက်နဲနဲကြာတော့ ဘာဆိုဘာမှမခံစားရတော့ပါ။
အချိန်က ကုစားပေးတယ်ဆိုတာဒီနေရာမှာမှန်နေပါရော။


"အစ်ကို့ အဒေါ်ဝမ်းကွဲက ဆေးရုံတက်နေရတယ် ဝန်ယောင်း..... တို့ သွားကြည့်မလို့ မင်းရောလိုက်ခဲ့ပါလား"

"ဆောင်းဂျူနိုလား.... အဆက်အသွယ်ရှိနေတာလား"


"သူနဲ့က အဆက်အသွယ်မရှိပါဘူး
ဟိုတလောက စားသောက်ဆိုင်မှာမိတ်ဆွေတစ်ယောက်နဲ့တွေ့လို့ စကားစပ်မိရင်းသိတာ
အရင်တုန်းက အရမ်းခင်ခဲ့ကြတာလေ"


"စားသောက်ဆိုင်က ဘယ်သူနဲ့သွားစားတာလဲ
အဲ့ဒီ့မိတ်ဆွေဆိုတာရော ဘယ်သူလဲ
ဆွေတွေမျိုးတွေနဲ့တောင် သိခဲ့ကြတယ်ပေါ့"


"ဟာ... မင်းမရစ်နဲ့နော်
တို့ဘာသာအလုပ်ကိစ္စနဲ့သွားတာ ....အားလုံးကိုလိုက်ပြောပြနေရမှာလား"


အလုပ်မှာပင်ပန်းလာတဲ့အရှိန်ကြောင့် စိတ်မရှည်ရတဲ့အထဲ သူ့စကားတွေကတရားလွန်လာတော့ အသံကျယ်ကျယ်နဲ့အော်ငေါက်မိတယ်။
တစ်နေကုန်အိမ်တွင်းအောင်းထားတဲ့ ဝန်​ယောင်းက ယူဂျင်းပြန်ရောက်ရောက်ချင်း အပြင်ပြန်ထွက်မယ်ကိစ္စကို ကြည်ပုံမရ။

"နောက်ပြီး အဒေါ်ကကိုယ့်ကို တူမအရင်းလို မေတ္တာထားပေးတဲ့သူ.... အစ်ကိုနဲ့လမ်းခွဲတော့ အဆက်အသွယ်ဖြတ်လိုက်တာတောင် ​စိတ်မခုဘဲကြုံရင်ကြုံသလို ခေါ်ပြောနေတုန်း "


My heart leaps up when I beholdWhere stories live. Discover now