part 5

92 10 5
                                    

lee know ကုမ္မဏီကိုရောက်သွားတော့ မီးတချို့တောင်ပိတ်လို့ထားပြီးဖြစ်နေသည်။ ကြီးမားလှတဲ့အဆောက်အဦးထဲမှာအလွှာတချို့ကအမှောင်အတိကျနေပြီ။ အချိန်ကနေ သန်းခေါင်ကျော်ပြီမို့ လုံခြုံရေးဝန်ထမ်းအနည်းငယ်နှင့် အလုပ်မပြတ်သေးသောဝန်ထမ်းသုံးလေးယောက်သာရှိသည့် တိတ်ဆိတ်နေတဲ့အဆောက်အဦးကြီးကအနည်းငယ်တော့ခြောက်ခြားစရာကောင်းနေသည်။ သူဒီကိုလာတုန်းက မုန့်တချို့ဝယ်ဖို့စဥ်းစားခဲ့ပေမယ့် jisungစားနေကျကိတ်ဆိုင်ကပိတ်နေပြီမို့ တစ်ခါတည်းပဲတန်းလာခဲ့လိုက်သည်။ပြီးတော့မှ hannieနဲ့အတူ တစ်ခုခုသွားစားလည်းဖြစ်တာပဲ။

သူ dance practice လုပ်တဲ့အလွှာကိုရောက်တော့ ထောင့်ဆုံးကသူတို့အကလေ့ကျင့်တဲ့အခန်းလေးတစ်ခုတည်းမီးလင်းနေတာတွေ့ရသည်။ ညဥ့်နက်နေပြီမို့ တိတ်ဆိတ်နေတဲ့အလွှာမှာ သီချင်းသံခပ်သဲ့သဲ့ကတိုးထွက်နေသည်။ lee know တံခါးဝ၌ရပ်နေပြီး တံခါးမှန်မှတစ်ဆင့်အထဲကိုလှမ်းကြည့်လိုက်တော့ စိတ်ရှုပ်နေသည့်မျက်နှာလေးကိုမြင်လိုက်ရသည်။ စီးချက်မိပြန်တော့လည်း ကကွက်တချို့မှားနေပြန်ပြီ ။လေ့ကျင့်ရင်း လေ့ကျင့်ရင်းအများတွေပဲထပ်လုပ်မိနေတဲ့ hanjisung ကစိတ်ပျက်စွာပဲ သူဆောင်းထားသည့်ဦးထုပ်ဝိုင်းတွေကိုဆွဲချွတ်ကာ လွှတ်ပစ်လိုက်သည်။

ကြမ်းပြင်ပေါ်ခြေဆင်းထိုင်ကာ တစ်ကိုယ်လုံးချွေးတွေစိုရွဲနေပြီးခေါင်းငိုက်စိုက်ကျနေတဲ့ကျောပြင်လေးကို lee know ရပ်ပြီးကြည့်မနေနိုင်တော့ပေ။ ဒါကြောင့် တံခါးဖွင့်ကာ အထဲသို့ဝင်လိုက်သည်နှင့် သူ့အားကျောပေးထိုင်နေသောကောင်လေးက နောက်ပြန်လှည့်ကြည့်ကာ မျက်လုံးဝိုင်းလေးများအနည်းငယ်ကျယ်သွားသည်။

"lee know hyung ! ! "

မထင်မှတ်ထားချိန်မှာ lee know ကိုမြင်လိုက်ရတော့ အံ့သြသွားတဲ့ jisungက မတ်တပ်ထရပ်ကာ lee know အားကြည့်၍​ရေရွတ်လိုက်ပြီးနောက် ဖွင့်ထားသည့်သီချင်းကို ကပျာကယာသွားပိတ်လိုက်သည်။ jisung ကသီချင်းပိတ်ပြီးနောက် lee know ကိုဘယ်လိုဖြစ်ပြီးဒီရောက်လာတာလဲလို့မေးချင်ပေမယ့် မနက်ကသူတို့ရန်ဖြစ်ထားတဲ့အခြေအနေကိုသတိရမိလိုက်ပြီး lee know နဲ့စကားမပြောချင်တော့ပေ။ အမှန်တကယ်ဆို သူထပ်ကာထပ်ကာမှားနေတာကြောင့်စိတ်အခြေအနေကလည်းသိပ်ကောင်းသည်တော့မဟုတ်။ ဒါကြောင့်သီချင်းပိတ်ပြီးသာ ဆိုဖာပေါ်ကရေဘူးကိုလှမ်းယူ၍မော့သောက်လိုက်သည်။

ShipsWhere stories live. Discover now