Kim 25

488 46 5
                                    

Zawgyi

Jen နိုးတာနှင့် ဘေးနားက ရှဥ့်ပေါက်လေး၏ နဖူးကို စမ်းကြည့်လိုက်သည်။
"အဖျားမရှိတော့ဘူးဘဲ ကိုယ့်ကိုယ်ကို ဂရုစိုက်စမ်းပါ ရိုဆန်"
အိပ်နေရင် လူတိုင်းရဲ့ မျက်နှာလေးဟာ အပြစ်ကင်းပြီး စင်ကြယ်ကြတယ်...အခု ကင်မ့်ရဲ့ ရိုဆန်လေးလည်း အဲ့လိုပဲ
မျက်နှာလေးက ဖြူဝင်းပြီး ကလေးလေး တစ်ယောက်လိုပဲ စင်ကြယ်နေသည်။

ကလေးပေါက်စလေးလို စောင်ထဲမှာ ကွေးပြီး အိပ်နေသည့် ရိုဆန် ပါးလေးကို jen လက်ညိုးလေးနှင့် ထိုးကြည့်လိုက်ပြီး
" ရိုဆန် ရှင်ကလေ ဘာလို့ ဒီလောက်တောင် အူယားစရာ ကောင်းရတာလဲ"ဟု ဆိုပြီး ပြောကာ ရိုဆန်ရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။

နမ်းပြီး ကုတင်ပေါ်က ဆင်းမယ် အလုပ်.. ....လက်ကို ဆွဲ ခံလိုက်ရသည်။
"ကင်မ် မောင့်ပါးကို ခိုးနမ်းပြီး ဘယ်သွားမလို့လဲ"
ပြုံးစစပြောလာသည့် ရိုဆန်ကြောင့် ကင်မ့်ပါးလေးတွေမှာ ရှက်လွန်း၍ ပေါက်ကွဲထွက်တော့မယ့် အတိုင်း နီရဲနေသည်။
မိjenရယ် ခိုးနမ်းပါတယ်ဆို မိဖြစ်အောင် မိသွားသေးတယ်... ။

"ဟမ် ဘာတွေပြောနေတာလဲ ကျွန်မ ဘယ်မှာ နမ်းလို့လဲ..အ့"
ရုတ်တရပ် ရိုဆန်က ကင်မ့်ကို ဆွဲဖက်လိုက်တော့ ကင်မ်လည်း ရိုဆန် ကိုယ်ပေါ်သို့ ကျသွားသည်။

"လိမ်နေပြန်ပြီလား ကင်မ်ရယ် မောင့်ကို နမ်းချင်တယ်ဆိုလည်း နမ်းလို့ရပါတယ် မောင်က မင်းအပိုင်ပဲလေ.. "

ရိုဆန်၏ စကားကြောင့် ကင်မ့်၏ မျက်စောင်းလေးဟာ ရိုဆန်ဆီသို့ တည့်တည့်မတ်မတ် ကျရောက်လာခဲ့သည်။

ဒီမျက်စောင်းလေးတွေဟာလည်း ရိုဆန်ရဲ့ အသက်လေးတွေပါပဲ... ။
"ဖယ်တော့ ကျွန်မ မျက်နှာသွားသစ်တော့မယ်"
Jen ရုန်းလေ ရိုဆန်ကတော့ ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလေ.. ။

"morning kissပေးသွားဦး"

"မပေးပါဘူး ဖယ်လို့ကွာ ကျွန်မ မျက်နှာသစ်ရဦးမယ်"

"မရဘူးကွာ ဒီတစ်ခါ မပေးရင် ကိုယ်ကပဲ အရယူမှာ"
ရိုဆန် ပြောလည်း ပြောပြီး ကင်မ့်နှုတ်ခမ်းလေးကို ဦးစွာ စားသုံးလိုက်သည်။

Kim(Completed)Where stories live. Discover now