I

1.5K 142 22
                                    

Uni

ရက်သတ္တပတ်ရဲ့အစတနင်္ဂလာမှာ...

စကားမစပ် ကျွန်တော့အချစ်ကလည်း
တနင်္ဂလာသားလေးဘဲရယ်...

“ Mr ထိုင်နေတာလည်းကြာလှပြီ...
တစ်ခုခုမှာထားနှင့်မလား~ ”

ဒါနဲ့ဆိုဒီဝိတ်တာလေးလာမေးနေတာသုံးခါမြောက်
ရှိလေးပြီ။ မျက်နှာအနည်းငယ်တင်းမာလျက် သက်
ပြင်းလေးလေးချပြီး

“ ကျွန်တော့်ကိုဝိုင်တစ်ခွက်ပေးပါ ”

များမကြာခင်ဝိတ်တာလေးကဝိုင်တစ်ခွက်လာချပေး
သည်။ စိတ်ပေါက်ပေါက်နှင့်ကောက်သောက်လိုက်သည့်
ဝိုင်မှာပြင်းလွန်းလို့သီးပါသီးသွားသည်။ အပြင်းစား
တွေမပေးပါနဲ့ဟုမှာလိုက်ဖို့မေ့သွားသည်။ သောက်လက်စ
ဝိုင်ခွက်ကို ဘေးချကာဆိုင်ကိုရောက်ရောက်ချင်းက
လာချပေးသေညရေခွက်ကိုကောက်မော့လိုက်၏။

Jazzသီချင်းသံပျံ့လွင့်နေသော စားသောက်ဆိုင်
ထဲမီးရောင်ကခပ်မှိန်မှိန် အညိုရောင်ပရိဘောဂတွေ
ကခပ်များများသုံးထား၏။ ဖန်စီအလှမီးဆိုင်းကြီး
ရှိရာ ဘေးစားပွဲမှာ ဆင်ဆွယ်ရောင်ရှပ်အင်္ကျီလက်
ကိုခေါက်ကာ အညိုရောင်စတိုင်လ်ပန်နှင့် အထာကျကျ
ခပ်ချောချောနှင့်ယောကျာ်းသားမှာ သူ့လက်တွင်ပတ်
ထားသောနာရီအားတစ်ကြည့်ကြည့်လုပ်နေသည်။

“ ကိုကို~ စောင့်ရတာကြာသွားလား...
နည်းနည်းနောက်ကျသွားတယ်~ ဟီး ”

တစ်ဖက်ကနည်းနည်းဟူသောစကားကြားရသည့်အခါ
မျက်မှောင်ကျုံ့မိလျက်သား။ လေးဆယ့်ငါးမိနစ်
တစ်နာရီနီးပါးလောက်စောင့်လိုက်ရသည့်အခါသူ၏
စိတ်ကသိပ်မကြည်ချင်တော့။ပြီတော့လည်းကြည့်
ဒင်နာစားဖို့ခေါ်သည်ကို ဝတ်လာသည့်အဝတ်စားက
အဖြူနှင့်အမဲကန့်လန့်စင်းပါသောတီရှပ်နှင့်ဂျာကင်
အနက်ကလည်းလူနှင်မလိုက်ဖိုးရိုးဖားယားနဲ့
ဆွဲလာလိုက်သည့်ဖန်စီဆွဲကြိုးတွေကအတိုတစ်မျိုး
အရှည်တစ်မျိုးနှစ်ကုံးသုံးကုံးဆင့်လို့။ ဂျင်းဘောင်းဘီ
အပွကလည်း နောက်မှာအပြဲရာပေါင်းသောင်းခြောက်
ထောင်ရှိနေသည်။

“ နည်းနည်းနောက်ကျတယ်ဟုတ်လား ဂျွန်~
ကိုယ်ချိန်းထားတာ ၆ နာရီခွဲကတည်းက ”

Will You Marry Me? [ Vkook ]©✓Where stories live. Discover now