IV [ final episode ]

1.1K 127 14
                                    

Uni

စနေမှာဂျွန်အကြံကုန် ကိုကိုကယုံ။

စနေနေ့မှာတော့ ပြန်အဆင်ပြေစပြုနေပြီဖြစ်သော
ဆက်ဆံရေးကို ဂျွန်ဒီတိုင်းလေးဆက်ထိန်းထားသည်။
နေလည်လောက်မှာ ကိုကိုဂျွန့်ကိုလာခေါ်သည်။

အဝေးပြေးဂိတ်ကနေ ကားစထွက်တည်းက ဂျွန်ဟာ
တစ်တွတ်တွတ်နဲ့စကားတွေပြောတယ်။ ကိုကိုကဂျွန်
ပြောသမျှထောက်ခံပါတယ် ဟုတ်တိပတ်တိရယ်
တော့မရှိ။ ကြာလာတော့ဂျွန်အကြံကုန်လူပင်ပန်းလာ
တယ်။ ကိုကိုပခုံးကိုမှီပြီးတိတ်တဆိတ်လေးနေလိုက်
တယ်။ တစ်ခဏလေးအတွင်းဂျွန်အိပ်ပျော်သွား၏။

စကားသံတွေညံနေရင်းက တိတ်ဆိတ်သွားသော
ဂျွန့်ကိုကြည့်တော့အိပ်ပျော်လို့နေပြီ။သို့သော်ဂျွန့်
လက်ချောင်းလေးတွေသည် ကိုယ်လက်ချောင်းတွေ
ကို လွတ်ထွက်သွားမတတ် ဆုပ်ကိုင်ထားသည်။

ဂျွန်ဒီတစ်ပတ်လုံးကိုယ့်ကိုလိုင်ချော့နေသည်ကို
အမှတ်မထားဘဲလျစ်လျူရှုခဲ့မိတာ ဂျွန်အတွက်
စိတ်ဒဏ်ရာများဖြစ်နေပြီလား။ ‌ဒီရက်တောတွင်း
အလုပ်ရှုပ်နေလို့ ဂျွန်နေမကောင်းဖြစ်တာကိုတောင်
သွားမကြည့်နိုင်ဘဲ အေးတိအေးစက်ဆက်ဆံမိတာ
လွန်နေပြီမှန်းသိသည်။ ဂျွန်သူ့ကိုမနားတမ်းလိုက်
ချော့နေတာကို အလျှော့ပေးလိုက်ရင်ဖြစ်ရဲ့သားနဲ့
သက်သက်နဲ့ ဂျွန့်ကိုစိတ်ထိခိုင်အောင်လုပ်မိနေပြီ။

ပခုံးပေါ်မှခေါင်းလုံးလုံးကိုခပ်ဖွဖွနမ်းမိသည်။
ကိုယ်လက်သွယ်ကြားမှလက်ချောင်းပြည့်ပြည့်
လေးတွေကိုလည်းတင်းကျပ်စွာ ပြန်လည်ဆုက်
ကိုင်ထားမိ၏။

“ ဂျွန်~ ဂျွန် ကိုယ်တို့ရောက်ပြီ ထတော့ ဂျွန် ”

“ ဟင်...ရောက်ပြီလား ”

ညနေစောင်းမှလိုရာခရီးရောက်တော့အိပ်နေသည့်
ဂျွန်ကိုနှိုးရသည်။ အအိပ်မက်သော‌ဂျွန်ဟာ တစ်လမ်း
လုံးပခုံးပေါ်ခေါင်းမှီအိပ်ထားလို့ လက်တစ်ခုလုံးထုံ
ကျင်နေသော်လည်း ဂျွန့်အဝတ်စားအိတ်ရောသူ့အိတ်
ပါဆွဲကာ ကားပေါ်ကဆင်းတော့လည်း လူကြားထဲ
ဟိုငေးဒီငေးလုပ်နေတဲ့ဟာလေးကိုပျောက်မသွားစေရန်
လက်ကလည်းဆွဲလို့ထားရပြန်တယ်။

Will You Marry Me? [ Vkook ]©✓Where stories live. Discover now