အပိုင်း (၇)zawgyi

117 5 0
                                    

Jiwoong စားဖိုဆောင်က ထွက်လာတာနဲ့ မနေ့က  hanbin
နဲ့တူတူ လိုက်ခဲ့တဲ့ မုန်ညင်းခြံဘက်ကိုဆင်းလာလိုက်တော့
ခြံထဲတွင် ပျားပန်းခတ်လှုပ်ရှားနေကြတဲ့ အလုပ်သမားများ
ပစ္စည်းတင်ရန်လာကြတဲ့ ကားက အများအပြား
အမျိုးသားတွေက သစ်တော်သီးခြင်းနဲ့ မုန်လာဥတွေကို ပခုံးပေါ်
ထမ်းပြီး ကားပေါ်တင်နေကြတယ် ။အမျိုးသမီးတွေကတော့
မုန်ညင်းထုပ်ကို လက်ဆင့်ကမ်းသယ်ပြီး ကားပေါ်တင်နေကြတယ်။

အားလုံးအလုပ်ရှုပ်နေကြတဲ့အချိန် ဘာမှလုပ်စရာမရှိတဲ့သူက
သူတစ်ယောက်တည်း ။

"Jiwoong hyung "
ယောင်လည်လည်နဲ့မတ်တပ်ရပ်နေတဲ့သူ့ကို hanbinက လက်ယပ်
ခေါ်တယ် ။

"အင်း  လာပြီး "

"Hyung က ဟိုဘက်ကိုသွားပြီး ကြက်သွန်မြိတ်စည်းတွေကိုဝိုင်းသယ်ပေးလိုက် "

hanbin ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ ကြက်သွန်မြိတ်သယ်တဲ့နေရာမှာ ယောကျာ်းလေးတစ်ယောက်ပဲရှိတယ်သူက ကားပေါ်မှာစီနေတာ ။

"အွန်း  သွားလိုက်မယ် "
ကြက်သွန်မြိတ်ဘက်ကို သွက်သွက်လေးပြေးပြီး
ကြက်သွန်မြိတ်စည်းနေတဲ့ လူတွေကိုနှုတ်ဆက်ပြီး သူကဝိုင်းသယ်ပေးမည်ဖြစ်ကြောင်းပြောတော့ ဝမ်းသာအားရကြိုဆိုကြသည်။

ကြက်သွန်မြိတ်စည်းက ဒီအတိုင်းကြည့်တော့သာ တစ်ဖက်စာလောက်ရှိပေမယ့် သယ်လိုက်တာနဲ့ လူက အင့်ကနဲ။
OMG ဒီလောက်လေးတာကို အမျိုးသမီးတွေက
သယ်နိုင်ကြတယ် ။ဝါး တော်တော် အားသန်ကြတာပဲ ။

"ဘာလုပ်နေတာလဲ သွားတော့လေ အကြာကြီးသယ်ပြီးရပ်နေရင်
အားကုန်သွားလိမ့်မယ် မြန်မြန်သယ်ပြီး ကားပေါ်ပို့လိုက် "

"အာ ...ဟုတ်ကဲ့ "
အဲ့တာနဲ့ မြန်မြန်သယ်ပြီးကားပေါ်ပို့ပေးလိုက်တယ် ။
ဆယ်ခေါက်လောက်သယ်ပြီးတော့ လူက တော်တော်လေးကို
မောဟိုက်လာတော့တယ် ။ အဲ့တာနဲ့ ဘယ်လောက်ထိသယ်ရမှာလဲလို့ မေးလိုက်တော့ မျက်စိရှေ့မှာမြင်နေရတဲ့ ကြက်သွန်မြိတ်တွေအားလုံးပါတဲ့ ။ OMG ဒီလောက်များတာကို ဒီနေ့ပြီးအောင်
သယ်နိုင်ပါ့မလား ။ အခုတောင်ကားတစ်စီးမပြည့်သေးတာကို
အားလုံးက ကားသုံးစီးစာလောက်ရှိတာလေ ။

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Where stories live. Discover now