အပိုင်း (၂၀) Unicode

399 41 2
                                    

"ကျစ် "

ဂယူဘင်းတစ်ယောက် ဆံပင်တွေကိုစိတ်ရှိလက်ရှိဆွဲဖွနေတော့၏။

"ဘာလို့ အဲ့ကလေးမျက်နှာဘဲမြင်နေရတာလဲကွာ
ဘာလို့လဲ ?"

ဟန်ယူဂျင်းနဲ့တွေ့ပြီး တစ်ပတ်ကြာသည်အထိ ဂယူဘင်းသည်
ဆိုလ်းကသူ့မိဘအိမ်မှာသာသောင်တင်နေတော့သည်။
ထမင်းစားချိန်မှသာအပြင်ထွက်ပြီး စားပြီးတာနဲ့ ကိုယ့်အခန်း
ထဲကိုပြန်ဝင်ပြီးလျှင် နောက်နေ့ထမင်းစားချိန်မှသာ ပြန်ထွက်
လာတတ်သည်။ဂယူဘင်း၏မိဘများက သူတို့၏သားသည်
ဆော့မက်သရူးဆိုသောကောင်လေးရဲ့ငြင်းပယ်မှုကိုခံလိုက်ရ၍အသည်းကွဲနေသည်ဟုသာ ထင်နေကြသည် ။

"စိတ်ထိန်းစမ်း ဂင်ဂယူဘင်း ဟိုက တာဝန်ယူစရာမလိုဘူးလို့
ပြောထားတာကို မင်းက ဘာဖြစ်ချင်နေတာလဲ
အတွေးထဲကထုတ်လိုက်တော့ သူ့အကြောင်းကိုထပ်မတွေးနဲ့တော့"

"ဟင့်အင်းမဖြစ်ဘူး ဂင်ဂယူဘင်းက တာဝန်မယူတတ်တဲ့လူမျိုးမဟုတ်ဘူး အဲ့တာကြောင့် တာဝန်ယူရမယ် ဟုတ်တယ်
ဒါကမှ အသိစိတ်ရှိတဲ့လူတစ်ယောက်ရဲ့လုပ်ရပ်ဘဲ "

ထို့နောက် တစ်ပတ်ကြာတိုက်ပွဲဝင်ခဲ့ရသော ဂင်ဂယူဘင်း၏
အသိစိတ်တိုက်ပွဲသည် ပြီးဆုံးကာ ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေပြီ ။ သူ ထိုကောင်လေးကိုတာဝန်ယူမည်။

အပြင်မထွက်တာတစ်ပတ်ကြာပြီးနောက်ဆုံးတွင် သူတို့၏သား
ဖြစ်သူသည် ကားသော့ဆွဲကာထွက်သွားသောကြောင့်
ဂင်ဇနီးမောင်နှံသည် ထွက်သွားသော ကားကို မျက်စိတစ်ဆုံး
လိုက်ကြည့်မိကြသည်။

"ဂယူဘင်းတို့အဖေ ၊ ကျွန်မတို့သားကိုကြည့်ရတာ အသည်းကွဲ
တာသက်သာသွားပြီနဲ့တူတယ် "

"ဟုတ်တယ်…ထင်ထားတာထက်မြန်တာပဲ "

"ကျွန်မတို့သားလေးကြာကြာမခံစားလိုက်ရလို့တော်ပါသေးတယ်"

___________________________

"အမေ့…"

မနက်အစောကြီး ဟာအိုအခန်းရှေ့မှာ မတ်တပ်ရပ်နေတဲ့
ဟန်ဘင်းကြောင့် ဟာအို လန့်သွားရခြင်းပင်

"ဟန်ဘင်း  အစောကြီးဘာလို့ရောက်နေတာလဲ "

"မနက်စာ တူတူစားဖို့လာစောင့်နေတာ …ဟီး…"

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Où les histoires vivent. Découvrez maintenant