အပိုင်း(၈)Unicode

376 44 1
                                    

"Hanbin na "

အခုတလော သူ့ကိုဆက်တိုက်ရှောင်နေတဲ့ hanbinကြောင့်
သူလှည့်ထွက်မသွားခင်zhanghaoကခေါ်လိုက်သည်။

"ဘာလို့ အခုရက်တွေမှာ ငါ့ကိုရှောင်နေတာလဲ "

"....."

"စားဖိုဆောင်မှာတွေ့တော့လည်းရှောင်တယ်၊ ခြံထဲမှာတွေ့ရင်လည်း
လှည့်ထွက်သွားလိုက်နဲ့ ခေါ်ပြန်တော့လည်းမကြားချင်ယောင်ဆောင်တယ် ငါ့ကိုစိတ်ဆိုးနေတာ တစ်ခုခုများရှိလား
မင်းအပေါ်အမှားလုပ်ထားတာများရှိလို့လား ၊ရှိတယ်ဆိုရင်လည်း
ပြောမှသိမှာပေါ့ ၊ ဘာမှလည်းမပြောဘဲနဲ့ ဘာပြဿနာမှလည်းမရှိဘဲနဲ့ မင်းကရုတ်တရက်ကြီး မခေါ်မပြောတော့ ငါဘယ်လောက်နေရခက်လဲ ဆိုတာမင်းမသိဘူးလား "

" အခုတလော စိတ်ရှုပ်စရာလေးရှိနေလို့ပါ "
ပြောပြီးတာနဲ့ လှည့်ထွက်သွားတော့မယ့်သူကြောင့်
စကားဆက်လိုက်ရပြန်၏။

"စိတ်ရှုပ်စရာရှိတယ်ဆိုရင် ငါနားထောင်ပေးပါ့မယ်
ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား စိတ်ရှုပ်စရာဆိုတာ
ရင်ဖွင့်လိုက်ရင်သက်သာသွားလိမ့်မယ်တဲ့ "
အဲ့တာနဲ့မျက်နှာတည်ကြီးနဲ့ သူ့ဘက်ကိုလှည့်လာပြီး

"ဟုတ်လား ရင်ဖွင့်လိုက်ရင်သက်သာသွားမှာသေချာလား "

ပုံမှန်ဆို အမြဲပြုံးနေတတ်ပြီး စကားပြောရင်လည်းချိုသာတဲ့
hanbinရဲ့အခုလိုပုံစံမျိုးက သူ့အတွက်စိမ်းသက်နေတာအမှန်

"ကောင်းပြီ ဒါဆိုလည်းရင်ဖွင့်တာပေါ့ "

ပြောရင်းနဲ့ zhanghaoရှိတဲ့နေရာကို ခပ်သွက်သွက်လျှောက်လာတာကြောင့် လူက နောက်ပဲဆုတ်ရတော့မလိုလို လှည့်ပဲပြေး
ရတော့မလိုလို

"zhanghao အခုချိန်ကစပြီး ကျွန်တော်ပြောတာတွေကိုသေချာ
နားထောင် အကယ်၍များ ကျွန်တော်ပြောတာတွေကို ခင်ဗျား
နားမလည်ဘူးဆို ကျွန်တော်ဒီတစ်သက်ခင်ဗျားနဲ့ ဘယ်တော့မှ
စကားမပြောတော့ဘူး "
လူနားကို ကပ်လာပြီး ပြောနေတာကြောင့် zhanghaoက
သူ့ရဲ့ကိုယ်လေးကိုအနောက်ကိုရို့ထားလိုက်၏။မျက်လုံးကတော့
တောင်ကြည့်မြောက်ကြည့်နဲ့ပေါ့

အချစ်တွေကိုစိုက်ပျိုးမယ် U×Z(Complete)Where stories live. Discover now