we loved that's all

562 45 8
                                    

song recommendation

"nge chit pone pyin"
-cover by hnin oo khaing

swissနိုင်ငံဆောင်းတွင်းရဲ့အေးစိမ့်မှုက​အအေးကြောက်တဲ့ဆောနူကိုpudding jacketထဲမြုပ်နေစေသည်။ဒါ​ပေမဲ့
ရေခဲမှတ်နီးပါးအထိရောက်နေတဲ့အအေးဓာတ်ကိုpudding jacketကလဲလုံလုံလောက်လောက်ကာကွယ်ပေးနိုင်ခြင်းရှိမနေ။အနည်းငယ်များနွေးလာမလားစိတ်ကူးနဲ့ဟိုလျှောက်ဒီလျှောက်လုပ်ကြည့်ပေမဲ့လေတိုက်နေတာမလို့ပိုတောင်အေးလာပြီးငြိမ်နေပြန်တော့လဲကြာကြာနေလေအအေးဒဏ်ကပိုများလာလေဖြစ်လာတာမလို့ရထားမြန်မြန်ရောက်လာဖို့သာတွေးနေမိတော့သည်။

ဆောနူဆုတောင်းပြည့်သွားသည်ပဲပြောရမလား။ဘူတာလေးဆီရထားကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။
ဆောနူလဲအချိန်ဆွဲမနေဘဲမြန်မြန်တက်လိုက်ကာ ထိုင်ခုံနေရာဆီကိုသာဦးတည်လိုက်သည်။မိနစ်အနည်းငယ်ကြာတော့စတင်ရွေ့လျားလာသည့်ရထားကြောင့်ဘူတာကနေထွက်နေပြီဆိုတာသိလိုက်သည်။အခုမှပတ်ဝန်းကျင်ကိုကြည့်မိတော့ ဆောနူရဲ့မျက်နှာချင်းဆိုင်ခုံမှာလူမရှိနေဘူး။
ရထား​တွဲတစ်တွဲလုံးမှာလဲလူအနည်းငယ်သာကျိုးတိုးကျဲတဲရှိနေတာမလို့ဒီတိုင်းနေရာလွတ်ပဲဖြစ်လောက်မယ်ဆိုပြီးထွေထွေထူးထူးတွေးမနေဘဲပြတင်းပေါက်အပြင်ကိုသာကြည့်နေမိသည်။

ခဏအကြာမှာတော့ခြေသံတစ်ခုနဲ့အတူswissလူမျိုးလို့ထင်ရတဲ့အမျိုးသမီးတစ်ဦးရောက်လာသည်။လူချည်းပဲရောက်လာတာမဟုတ်ဘဲထိုအမျိုးသမီးနှင့်အတူပါလာတဲ့အထုပ်အပိုးအရေအတွက်နည်းတာမဟုတ်တော့ သူတစ်ပါးကိုမကူညီရရင်မနေတတ်တဲ့ဆောနူက နေရာကထပြီးသူမအထုပ်တွေကိုကူသယ်ပေးလိုက်သေးသည်။ထိုအမျိုးသမီးကတော့ကျေးဇူးတင်စကားပြောပြီးဆောနူရဲ့မျက်နှာချင်းဆိုင်ကသူမနေရာမှာသွားထိုင်နေပေမဲ့အခုထိ‌မထိုင်နိုင်သေးဘဲရပ်နေမိတာကတော့ဆောနူပဲ။ ကျေးဇူးတင်ကြောင်းပြောလာတော့မှထိုအမျိုးသမီးရဲ့မျက်နှာ......မျက်နှာဆိုတာထပ် မျက်ဝန်းတွေကိုသေချာမြင်မိတာ။

မျက်ဝန်းတွေ

သမင်မျက်ဝန်းတွေ

အရည်လဲ့နေတဲ့သမင်မျက်ဝန်းတွေ

Old Love Story\\희선Where stories live. Discover now