cuz I still love you

152 29 3
                                    

"ကိုကိုကတော့အလုပ်ကိစ္စ‌နဲ့တစ်နေကုန်အလုပ်ရှုပ်နေမှာကို ဆောနူကတော့သူငယ်ချင်းနဲ့လျှောက်လည်မှာပေါ့"

ဆောနူသူ့ရှေ့ကစိတ်ကောက်ချင်ယောင်ဆောင်နေတဲ့ကိုကို့ကြည့်ရင်းရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ကိုကိုစိတ်ကောက်တာကိုရယ်ချင်တာမဟုတ်ဘဲစိတ်ကောက်ရတဲ့အကြောင်းအရင်းကဆောနူဂျောင်ဝန်းနဲ့ချိန်းထားတာကြောင့်ဆိုတဲ့အချက်ကဆောနူကိုကလိလာထိုးနေသလိုခံစားချက်ရစေတာကြောင့်ပင်။

‌မြို့ထဲသွားစရာကိစ္စရှိကြောင်းလာပြောတဲ့
ကိုကို့ ကိုဆောနူသူလဲဂျောင်ဝန်းနဲ့သွားမှာဖြစ်ကြောင်းပြောလိုက်မိတာကိုချက်ချင်းစိတ်ကောက်သွားတဲ့ကိုကိုကဆောနူမျက်လုံးထဲမှာသမင်ပေါက်စလေးလိုပဲ။

"ပြုံးစိစိလုပ်မနေနဲ့ ကိုကို့ကိုချန်ထားပြီးလျှောက်လည်ရမှာကိုပျော်နေတာလား"

"ဟော ကိုကိုအလုပ်မအားလို့မလိုက်တာလေ
ဂျောင်ဝန်းကလဲကိုကိုလိုက်ချင်ရင်လိုက်ခဲ့လို့ပြောထားတာပဲကို"

ဆောနူရဲ့ဗို့အားပြင်းအကြည့်တို့က‌ကိုကို့ဆီရောက်သွားချိန်မှာတော့ကိုကို့ရဲ့သမင်မျက်ဝန်းတွေကချက်ချင်းပြိုတော့မဲ့မိုးလိုအုံ့ဆိုင်းသွားတယ်။

"ဘာပဲဖြစ်ဖြစ် ဆောနူပျော်နေတာပဲမလား"

"ဟုတ်လောက်မယ်ထင်တယ်"

"ဆောနူ ကိုကိုစိတ်ဆိုးချင်နေတာကိုနော်!"

"စိတ်မဆိုးနဲ့လေ ကိုကိုတောင်ကျွန်တော့်ကိုထားပြီးသွားတဲ့ရက်တွေရှိတာပဲကို အခုကျွန်တော်သွားမှာနဲ့ချေလိုက်တော့"

စကားသံမရှိတော့ဘဲတိတ်ဆိတ်သွားပုံအရကိုကိုဟန်ဆောင်စိတ်ကောက်ခြင်းကိုအကောင်အထည်ဖော်နေပြီဆိုတာတန်းသိလိုက်သည်။စိတ်ကောက်နေမှတော့ချော့ရမှာပေါ့။

ဆောနူရဲ့နှာတံကကိုကို့ရဲ့ပါးပြင်နွေးနွေးပေါ်ရောက်သွားပြီးစိတ်ကောက်ချင်ယောင်ဆောင်နေတဲ့သမင်ဆိုးလေးရဲ့မျက်ဝန်းတွေကအံ့ဩခြင်းနဲ့အတူတလက်လက်တောက်ပလာတယ်။

"အဟမ်း! ဒီလိုချော့တော့လဲခွင့်လွှတ်ရ‌တာပေါ့ ဒါပေမဲ့လျှောက်လည်ရင်းပျော်စရာရှိရင်ကိုကို့အကြောင်းပါထည့်တွေးပြီးပျော်
ပြီးတော့ပြန်‌မဲ့အချိန်ကိုကိုလာကြိုမယ်
အခုသွားတာလဲလိုက်ပို့ချင်ပေမဲ့ဆောနူတို့
လွပ်လွပ်လပ်လပ်မဖြစ်မှာစိုးလို့လိုက်မပို့တော့ဘူး"

Old Love Story\\희선حيث تعيش القصص. اكتشف الآن