or maybe not

209 28 10
                                    

ဒီနေ့မနက်ပိုင်းတော့ဆောနူစိတ်ကြည်ကြည်လင်လင်ပဲဖြစ်နေသည်။ဒီနေ့ချိန်းထားတာမလို့ကိုကိုလာခေါ်မဲ့အချိန်ကိုစောင့်ရင်း သီချင်းတိုးတိုးညီးနေတဲ့ဆောနူကို မေမေကအပြုံးနဲ့ကြည့်လာတယ်။

"ဟီဆွန်းလေးတို့ရောက်လာတာမေမေ့အတွက်တော့ကောင်းချီးလေးတစ်ခုပဲ"

မေမေ့ရဲ့အပြောကိုဆောနူသဘောတကျထောက်ခံလိုက်မိသည်။ဟုတ်တယ်....ကိုကိုကတကယ်ကိုကောင်းချီးလေးပဲ။

"ဟီဆွန်းလေးတို့ စရောက်လာတဲ့ရက်ကိုမှတ်မိ‌သေးတယ်မလား သား"

မေမေပြောတော့မှဆောနူလွန်ခဲ့တဲ့ခြောက်လလောက်ကအချိန်ဆီအပြေးပြန်သွားမိသည်။

အဲ့နေ့ကလူသစ်တွေရောက်လာမယ်ဆိုတဲ့သတင်းစကားနဲ့အတူ မြို့လေးထဲကလူအားလုံးနီးပါးလူသစ်တွေကိုကြိုဖို့ထွက်စောင့်နေကြတာမလို့ ဆောနူလဲအဲ့လူတွေနဲ့ရောယောင်ပြီးဘယ်လိုပုံစံရှိမှန်းမသိတဲ့လူတွေကိုစောင့်နေရသည်။အမြဲတမ်းလူသစ်ရောက်လာရင်ကြိုဆိုခြင်းခံရတယ်လို့ခံစားမိအောင်အခုလိုထွက်ကြိုတတ်တာကဆောနူတို့မြို့လေးရဲ့ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုမလို့ယိုင်နဲ့နဲ့ဖြစ်နေတဲ့ကိုယ့်ဟာကိုယ်ဂရုမစိုက်ဘဲထွက်စောင့်နေမိခြင်းပင်။

စောင့်နေရင်းမိနစ်အနည်းငယ်ရပ်ပြီးချိန်ဆောနူအနေအထားကသိပ်မဟန်တော့ဘဲမြင်ကွင်းကဝါးတားတားဖြစ်လာတယ်။အဲဒီအချိန်မှာပဲသူတို့စောင့်နေတဲ့သူတွေရောက်လာပြီးလူကြီးတွေကဝိုင်းကြိုဆိုနေတဲ့အသံတွေကြားလိုက်ရသည်။အသံတွေကြားရပေမဲ့ဆောနူရဲ့မြင်ကွင်းကသဲကွဲမနေဘဲအကုန်လုံးရှုပ်ယှက်ခတ်နေသလိုပဲ။ဒါ‌ပေမဲ့ဆောနူကြိုးစားပြီးကြည့်လိုက်တာမလို့
ကားပေါ်ကဆင်းလာတဲ့မေမေနဲ့ရွယ်တူလောက်ရှိမဲ့အန်တီကြီးတစ်ယောက်ရယ် လူငယ်တစ်ယောက်ရယ်ကိုမြင်လိုက်ရတယ်။အဲ့နောက်ပိုင်းမှာဆောနူရဲ့မြင်ကွင်းကလုံးဝအမှောင်ဖုံးသွားတယ်။

"အဆင်ပြေရဲ့လားမသိဘူး"

ဆောနူ အသိပြန်ဝင်လာတော့ ပထမဆုံးမြင်လိုက်ရတာ‌သူနဲ့ရင်းနှီးမှုမရှိတဲ့သမင်မျက်ဝန်းတွေပဲ။ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ သမင်မျက်ဝန်းပိုင်ရှင်ရယ်၊အန်တီကြီးတစ်ယောက်ပြီးတော့မေမေကသူ့ကိုဝိုင်းကြည့်နေကြတယ်။

Old Love Story\\희선Onde as histórias ganham vida. Descobre agora