and you feel the same too

183 31 6
                                    

"ဆောနူ ဟီဆွန်းလေးကိုလိုက်မနှုတ်ဆက်တော့ဘူးလား"

အခန်းတံခါးဝကနေဆောနူကိုလှမ်းကြည့်ရင်း
မေးလာတဲ့မေမေ့ရဲ့အမေးကိုဆောနူခေါင်းအသာယမ်းပြရင်းပဲ‌ဖြေလိုက်တယ်။

မနှုတ်ဆက်တော့ပါဘူး။လုံလုံလောက်လောက်ကိုနှုတ်ဆက်ပြီးသွားပြီပဲ။
ထပ်တွေ့မိရင်ပိုဆိုးလာမဲ့ဆောနူရဲ့အတ္တသေးသေးလေးကကိုကို့ကိုလက်မလွှတ်နိုင်ဖြစ်အောင်တွန်းအားပေးမှာအသိအသာပဲလေ။

နည်းနည်းနီးကပ်လာရင်တောင်လက်မလွှတ်နိုင်ဖြစ်ပြီးအရှုံးသမားလိုနေ့ရက်တွေကိုဖြတ်သန်းရမှာမျိုးသူမလိုချင်ဘူး။ခဏတာရပ်နားထားခြင်းဆိုတဲ့အချိန်အပိုင်းအခြားအတွင်းမှာဆောနူ ကိုကိုအနားမရှိလဲပျော်တတ်အောင်မနည်းကြိုးစားရအုံးမှာမလို့အခုကတည်းကကြိုပြီးအသားကျအောင်လုပ်ထားတာမှားမှာမဟုတ်ဘူး။

ဆောနူကိုယ့်အကြောင်းကိုယ်သိတာမလို့
ဒီအတောအတွင်းအဆက်အသွယ်လုပ်မှာမဟုတ်ဘူးဆိုတာကိုကိုကို့ ကိုလဲကြိုအသိပေးပြီးခွင့်တောင်းပြီးသားဖြစ်သလိုကိုကိုကလဲကြည်ကြည်ဖြူဖြူပဲလိုက်လျောလာသည်။ဒါပေမဲ့ချွင်းချက်အနေနဲ့တောင်းဆိုချက်တစ်ခုကတော့ဆောနူဘက်ကမဆက်သွယ်ချင်ရင်တောင်ကိုကို့ဘက်
ကဆောနူကိုတိုက်ရိုက်မဟုတ်ဘဲလူကြုံနဲ့
ဆက်သွယ်တာကိုတော့မငြင်းဖို့ပင်။

"မေမေတော့သွားနှုတ်ဆက်လိုက်အုံးမယ် ဟီဆွန်းမေမေကိုလဲအဖော်သွားလုပ်ပေးရင်းနဲ့"

"ဟုတ်ကဲ့ မေမေ"

ဆောနူဖျော့တော့တော့ပဲဖြေလိုက်ပြီးမေမေထွက်သွားတာနဲ့အိပ်ရာထဲကိုလူးလိမ့်ပြီးတိုးဝင်လိုက်တယ်။အံ့ဩစရာကောင်းစွာပဲ
စောင်အထပ်ထပ်နဲ့အိပ်ရာကကိုကို့ရဲ့ကိုယ်ငွေ့လောက်တောင်နွေးမနေဘူးမလို့ဆောနူစိတ်ပျက်လက်ပျက်နဲ့စောင်တွေကိုအပြစ်မရှိအပြစ်ရှာရင်းကန်လိုက်မိတယ်။

ဆောနူရဲ့အခုလက်ရှိစိတ်အခြေအနေကရိုလာကိုစတာစီးနေရသလိုပဲ။ဘာမှမဖြစ်သလိုနေမယ်ကြိုးစားလိုက်၊လက်တွေ့ကိုသတိရမိလိုက်နဲ့ကို့ရို့ကားယားကိုဖြစ်နေတာ။

Old Love Story\\희선Where stories live. Discover now