အပိုင်း ၉

480 25 2
                                    

Unicode

အပိုင်း ၉

ပွဲပြီးတော့ ရှိုင်းမြတ်တို့အဖွဲ့လူစုခွဲခဲ့ကြသည်။ ထိုနေ့သည် မမေ့နိုင်စရာကောင်းသောနေ့တစ်နေ့လည်းဖြစ်ခဲ့တော့သည်။

အိမ်ပြန်လမ်းတွင် ကျောင်းပေါက်ဝမှ ညမလေးအကြိုက် ‌ရေညှိထမင်းလိပ်ဝယ်လာခဲ့သည်။ မေမေနှင့်သူအတွက်တော့ ကြက်သားပေါက်စီနှစ်လုံး။

ကျောင်းနှင့် မနီးမဝေးအရောက် အနောက်မှ ကောင်မလေးတစ်ယောက်၏ခေါ်သံကြားလိုက်ရသည်။

" ရှိုင်းမြတ် "

သူလှည့်ကြည့်လိုက်တော့ မြန်မာဝတ်စုံနှင့် ‌ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်။

" ခဗျာ ကျွန်တော်ကို သိလို့လား "

" ဟောတော့ တစ်မေဂျာထဲ၊ တစ်ခန်းထဲ၊ တစ်နှစ်ထဲ တတ်လာတဲ့သူကို မသိဘူးဆိုတော့ ဝမ်းတောင်နည်းတယ် "

" အော်....ဆောရီးပါဗျ ။ ဘာကိစ္စရှိလို့လဲမသိဘူး ။ "

" အော် ဟိုလေ...တို့ကို ရှိုင်းမြတ်ဖုန်းနံပါတ်လေးပေးထားလို့ရမလား "

" ဗျာ...ဘာလုပ်မလို့လဲမသိဘူး "

" အော်...ကျောင်းနဲ့ပတ်သတ်ပြီးသိချင်တာရှိရင် ဆက်သွယ်လို့ရအောင်ပါ "

" တစ်မျိုးတော့မထင်ပါနဲ့ဗျ ။ အဲ့တာက ECကိုဆက်သွယ်လို့ရတယ်မလား..."

" အို...အဲ့ EC နဲ့က ဓာတ်ကြောသိပ်မတည့်ပါဘူး။ ယောကျာ်းကြီးဖြစ်ပြီးတော့ မိန်းကလေးတွေနဲ့လည်း ပြိုင်ရန်ဖြစ်နေတယ်လေ တည့်ကိုမတည့်ဘူး "
ထိုမိန်းကလေး၏ဆူပုတ်သွားသောမျက်နှာထားကိုတစ်ချက်မြင်လိုက်ရပြီး

" ကောင်းပါပြီဗျ ။ နောက်ရက်ECကို
ရန်မဖြစ်ဖို့ပြောလိုက်ပါ့မယ်။ ကျွန်တော် အရေးကြီးလို့ သွားလိုက်ပါအုံးမယ်ဗျ "

ရှိုင်းမြတ် ထိုမိန်း‌ကလေး၏ ရှေ့မှ အလောတကြီးထွက်ခွာလာခဲ့မိသည်။
ကျန်ရစ်ခဲ့သော မိန်းကလေးမှာတော့ ဒေါသထွက်သွားပုံရသည်။

သို့သော် မတတ်နိုင်ပါ။ ရှိုင်းမြတ် ဖုန်းနံပါတ်ကို သူငယ်ချင်းအရင်းများမှလွဲ၍ မည်သူ့ကိုမျှမပေးနိုင်။ သူစိမ်းတစ်ယောက်မှ သဘောရိုးနှင့် လာတောင်းခဲ့လျှင်တောင် သူပေးနိုင်မည်မဟုတ်ပါ။ ယခုလို အနေအထားမျိုးနဲ့ဆို ပိုဆိုးသည်။ ဇာတ်လမ်းလာရှုပ်မှာမျိုးသူမကြိုက်။

ရင်ခုန်သံ ရပ်ဝန်းလေး (Ongoing)Where stories live. Discover now