Part - (1)

317 30 1
                                    

"အီးရှ်။ ကင်မ်ဆောနူတဲ့။"

"ရား။ ဘာလဲ။ ဘာလဲ။ ဘာဖြစ်ချင်တာလဲ အဲ့အသံက။"

Project အတွက် နှစ်ယောက်တွဲစီ လူခွဲဖို့မဲနှိုက်‌နေတုန်း ဆောင်းဟွန်း‌ရွေးချယ်လိုက်တဲ့ စာရွက်ဝါကျင့်ကျင့်ထဲက "김 선우(Kim Sunoo)"ဆိုတဲ့ စာလုံးလေးတွေကြောင့် ဆောင်းဟွန်း ရှုံ့မှဲ့လို့ "အီးရှ်"ဆိုပြီးအသံပြုမိတယ်။ အဲ့ဒီအခါ ကင်မ်ဆောနူက ရန်တွေ့နေတယ်။ ဒီလိုပဲ အဲ့ဒီဆောနူက စိတ်ပုပ်၊ ကပ်စေးနဲ၊ စိတ်ကောက်ဆိုးလွန်း၊ မုန့်စား‌နေတာက ချစ်စရာ-မဟုတ်ပါဘူး။

"ဘာမှမဟုတ်ပါဘူး။ မျှော်လင့်ထားတဲ့လူ မဟုတ်လို့ပါ။ အဟင်း။"

ဆောင်းဟွန်းလည်း ခွဲခြားဆက်ဆံပါတယ်ဆိုပြီး အတိုင်ခံရမှာစိုးတာကြောင့် မြန်မြန်ပဲ ဖြေရှင်းချက်ပေးလိုက်ပြီး ချိုနေအောင် ပြုံးပြရသေးတယ်။ မဟုတ်ရင် အဲ့ကင်မ်ဆောနူက အာပြဲနဲ့အော်ငိုပြီး အိမ်ကမေမေကလည်း ကလေးကိုဘာအနိုင်ကျင့်တာလဲဆိုပြီး ဆူဦးမှာ။ မေမေက အိမ်ဘေးကသားလေဆိုပြီး ဆောင်းဟွန်းထက်တောင် သူ့ကိုပိုပြီး ချစ်နေ‌တယ်။ ဘယ်နားကကောင်းနေလို့လဲမသိ။

"ဘယ်သူ့ကိုမျှော်လင့်နေလို့လဲ။"

ပြန်ရန်တွေ့နေတဲ့ ဆောနူကိုသူငယ်ချင်းတွေကကြည့်ရင်း စပ်ဖြီးဖြီးနဲ့ တီးတိုးပြောနေကြတယ်။

"ဂျေး-ဂျေးအီ။"

‌"တော်ပြီ။ တော်ပြီ။ လစ်လိုက်တော့။ အမှတ်မရရင်နေ။ အတူမလုပ်နိုင်ဘူး။ မင်းဘာသာမင်းပဲလုပ်လိုက်တော့။"

မျက်နှာရှစ်ခေါက်ချိုးနဲ့ နှုတ်ခမ်းကိုလည်းစူပုတ်ထားသေးတဲ့ဆောနူက အလိုမကျစွာပြောခဲ့ရင်း အတန်းထဲကနေ ထွက်သွားတယ်။ ဆောင်းဟွန်းလည်း မေမေ့ဆီကို ချွန်တွန်းသွားလုပ်မယ့် ဆောနူကို ခခယယလိုက်ချော့ရပါတော့တယ်။ ခြေတိုတိုလေးတွေနဲ့ပြေးသွားတဲ့ အကျင့်ပုပ်ကို ဖမ်းချုပ်လိုက်တယ်။

"ဆောနူရာ။ သူက ငါနဲ့အဆင်ပြေလို့လေ။ ဆောနူကကျ ဂျောင်ဝန်းနီးနဲ့ပဲ လုပ်ချင်တာမလား။ ငါက ဂျေးအီနဲ့အတူလုပ်ရတာ အဆင်ပြေလို့ ဒီတိုင်းတွေးမိတာပါ။"

BLOOMING:LOVE [SunSun]Where stories live. Discover now