"ဒီနေ့ ဆရာ စပရိုက်စ်ဂစ်လေး ပြင်ဆင်ထားပါတယ်။"
"ရေးးး!"
ဆရာ့စကားကြောင့်အတန်းသားအားလုံးပျော်သွားကြတယ်။
"Tuto ဖြေမယ်။"
"ဟာ!"
"ဟင်!!"
မေးခွန်းလွှာကို ထုတ်ပြရင်း ပြောလာတဲ့ဆရာကြောင့် ကျောင်းသားတွေရဲ့ပုံစံက လွန်ခဲ့တဲ့ သုံးစက္ကန့်လောက်ကနဲ့တစ်ခြားစီ။
ဆောင်းဟွန်းကတော့ ဘယ်လိုမှ မနေပါဘူး။ အခုဖြေရင်လည်းရတယ်။ ဘယ်အချိန်ကောက်ဖြေဖြေ အဆင်ပြေတယ်။
ဒါပေမယ့် ဆောင်းဟွန်းစိတ်ထဲ ထိပ်ဆုံးရောက်လာတာက ကင်မ်ဆောနူ။ ဆောနူက မဖြေရရင် အရမ်းကိုစိတ်မကောင်းဖြစ်သွားမှာ။ဂျောင်ဝန်းက မေးခွန်းလွှာတွေကို စဝေတယ်။ မကြာဘူး ဆောင်းဟွန်းအလှည့်ကိုရောက်လာတယ်။
ဆောင်းဟွန်းရှေ့က မေးခွန်းလွှာထဲက ပုစ္ဆာတွေအားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်တယ်။ ဒါပေမယ့် ဘောပင်တောင်မကိုင်ပဲ မေးခွန်းလွှာကို လက်ပိုက်ပြီးထိုင်ကြည့်နေမိတယ်။ ဆောင်းဟွန်းစိတ်ထဲမှာ ဆောနူကိုအရမ်းအားနာနေတယ်။ အားနာတာမဟုတ်ပဲ ဝမ်းနည်းသွားတာကို မလိုလားတာလို့ ပြောရလေမလား။
အင်း...။ ဆောင်းဟွန်းက ငယ်ငယ်ကတည်းက ဒီလိုမျိုးတွေးတောပေးတတ်တယ်။ အထူးသဖြင့် ဆောနူကို။ ဒါက မေမေ့ကြောင့်လား။ ဆောင်းဟွန်းကပဲလိုလိုလားလား လုပ်ခဲ့တာလားမသိတော့ဘူး။ အတွေးထဲမှာ ငိုမဲ့မဲ့လုပ်နေတဲ့ ဆောနူကပဲစိုးမိုးနေတယ်။
ဒီလိုနဲ့ပဲ မေးခွန်းလွှာတွေ ဝေကတည်းကစ ပြန်သိမ်းတဲ့အချိန်ထိ ဆောင်းဟွန်းတစ်လုံးမှကို မဖြေဘူး။ သေချာတာကတော့ သုညပါပဲ။
သူ့လုပ်ရပ်ကြောင့် တချို့လူတွေက ကြောင်သွားကြတယ်။ အကြောင်းသိတဲ့လူတွေကတော့ ပြုံးစိစိနဲ့ပေါ့။ သင်္ချာဆရာ အပါအဝင်။
"ဆောင်းဟွန်းနား။ ဘာလို့မဖြေတာလဲ။"
ဆရာကအဖြေလွှာတွေကိုကြည့်ရင်း ဆောင်းဟွန်းကိုမေးတယ်။ ဆောင်ဟွန်းကတော့ ဆရာ့စကားကိုအာရုံရတဲ့ပုံမပေါ်ဘူး။
ပြတင်းပေါက်ကနေတစ်ဆင့် ကောင်းကင်ပြာပြာကြီးရယ်..၊ တိမ်စိုင်လေးတွေရယ်...၊ ပျံသန်းသွားတဲ့ငှက်ကလေးတွေရယ်...၊ ပြီးတော့ နေခြည်နုနုတွေကို ထုတ်လွင့်နေတဲ့ အတောက်ပဆုံး နေမင်းကြီးရယ်နဲ့ ပနံ့သင့်လွန်းလှတဲ့ မြင်ကွင်းလေးဆီကိုပဲ အာရုံစိုက်နေတယ်။
နောက်တစ်ခေါက်ခေါ်မှ ကြားမယ့်ပုံပေါ်တဲ့ ဆောင်းဟွန်းကိုကြည့်ရင်း ဆရာကပြုံးလို့ ခေါင်းကို ခပ်တွင်တွင်ယမ်းတယ်။
![](https://img.wattpad.com/cover/347841405-288-k453314.jpg)