"ရားး။ အမှတ်ဘယ်လောက်ရလဲ။"
စာမေးပွဲရလဒ်တွေပါတဲ့ Report card တွေကို ဝေတော့ ကင်မ်ဆောနူက အနောက်ကိုလှည့်လာပြီး စိတ်ဝင်တစားမေးတယ်။ မျက်ဝန်းတွေကလည်း အရည်ကြည်တွေလှဲ့လို့ မျှော်လင့်ခြင်းအသွင်ကိုဆောင်တယ်။ ဆောင်းဟွန်း ခပ်ပြတ်ပြတ်ပဲ
"94"
လို့ဆိုတော့ ဆောနူက သူကိုယ်သူအားမရပုံနဲ့ နှဖူးကိုထုရင်း စိတ်ပျက်စွာပဲ ရေရွတ်တယ်။"အားး။ ငါ 92 ပဲရတယ်။"
တွေ့လား ကင်မ်ဆောနူက သူ့ထက်မတော်သလို အကျင့်ပုပ်ပါဆိုနေ။ ဒါပေမယ့် ဆောနူဝမ်းနည်းသွားလို့မဖြစ်ဘူးလေ။ မေမေကဆူမှာပေါ့။
"စတာပါ။ ငါ 91 ရတယ်။"
အဲ့ဒီအခါမှ ရင်ဘတ်ကိုဖိလို့ ငါးပူတင်းလို ပါးလေးဖောင်းပြီး သက်ပြင်းတွေ အကြီးအကျယ်ချနေတာ။ အဲ့ဒီပါးတွေ နာသွားအောင် အရမ်းညစ်ပစ်ချင်တယ်။
ပြီးတော့ ပါးစပ်ကလည်း "ဟူး။ တော်ပါသေးရဲ့။" ဆိုပြီး ရေရွတ်နေသေးတာ။ လူကိုအထင်ပဲသေးသေး။ မကောင်းပဲမြင်မြင်။ စိတ်ချမ်းသာရင် ပြီးတာပါပဲလေ။
အဲ့လိုပဲ။ ဆောနူရဲ့ပြိင်ဘက်က ငယ်ငယ်ကတည်းက ဆောင်းဟွန်းဖြစ်ခဲ့တာ။
"ဟွန်းနီးကို ငါပြောစရာရှိလို့။"
အတန်းထဲက မိန်းကလေးတစ်ယောက်က ဆောင်းဟွန်းကိုပြောနေတာကို ဆောနူခပ်တွေတွေပဲကြည့်ရင်း နားထောင်နေမိတယ်။
"အင်းပြော။"
"ဒီမှာမပြောချင်ဘူး။"
ပြောရင်းဆိုရင်း ဆောင်းဟွန်းရဲ့လက်မောင်းကို ဆွဲကိုင်ပြီး အခန်းထဲက ထွက်ခွါသွားကြတယ်။
ဆောနူက ဆောင်းဟွန်းရဲ့ Privacy ကို လေးစားပေမယ့် သွားပြီး ခိုးနားထောင်ချင်တဲ့စိတ်ကို တားမရဘူး။
ပြီးတော့ ဆောနူရဲ့ ခြေထောက်တွေက တားမရဆီးမရ ဆောင်းဟွန်းတို့နောက်ကို လိုက်သွားတယ်။ ရင်ဘတ်တွေလည်း ဘာလို့မှန်းမသိ လေးလံနေတယ်။"ဆောင်းဟွန်းနား။ ငါတို့တွဲရအောင်။"
ဆောနူစိတ်ထဲ အရမ်းဝမ်းနည်းလာတယ်။ ခေါင်းထဲမှာလည်း"ဆောင်းဟွန်းသာ လက်ခံလိုက်ရင်..." ဆိုတဲ့အတွေးတွေက ပြည့်နှက်လို့။