💜 1 💜

629 92 26
                                    

တဖျပ်ဖျပ်လက်နေတဲ့ မီးအရောင်စုံတွေ...

ဆူညံမြူးကြွနေတဲ့ အသံတွေနဲ့ မှောင်မိုက်အေးစိမ့်နေရတဲ့အထဲ
မူးယစ်ရီဝေစရာအနံ့ပေါင်းစုံတွေနဲ့ အရောင်စုံလူတွေ...

မိတ်ကပ်အနံ့တွေ... နှုတ်ခမ်းနီအနံ့တွေ...
ပြင်းထန်စူးရှနေတဲ့ အကောင်းစားရေမွှေးနံ့တွေနဲ့ သျှိသျှားအိုးတွေထဲကထွက်လာနေတဲ့ တရိပ်ရိပ်မှောင်ပိတ်နေတဲ့ အခိုးအငွေ့တွေ...
မလုံတလုံ အဝတ်အစားတွေနဲ့ မိန်းမလှလှတွေ...
ချောင်တွေ ထောင့်ချိုးတွေမှာကပ်ပြီးလွင့်နေတဲ့ မသတီစရာလူတွေ... 
ယောက်ကျားအမိုက်အစားတွေနဲ့ ကျားမမရွေး အတူတူထိကပ်ပွတ်သပ်နေတဲ့ ကကွက်တွေက သွေးတွေထိုးတတ်လာစရာတွေ...။

စိတ်လွတ်လက်လွတ် ပျော်ချင်တိုင်းပျော် ကဲချင်တိုင်းကဲ... ရွဲပြဲနေကြတဲ့ လူတွေကြားထဲ သောကတွေပွေ့ပိုက်ရင်းနဲ့ ယောက်ယက်ခတ်နေပြီး ဇောချွေးတွေပါပြန်လာတဲ့အထိ... ဘာကိုမှမမြင်ချင်တော့တဲ့အထိ...။

ပျော်မနေနိုင်တာက ဒီနေရာမှာ သူတစ်ယောက်တည်း...။
တင်းတင်းဆုတ်ထားမိတဲ့ လက်သီးဆုတ်နဲ့အတူ အံကိုကြိတ်ပြီးတင်းတင်းစေ့နေအောင် နှုတ်ခမ်းကိုဖိကြိတ်ထားရတာ လည်ချောင်းတွေပါ ပေါက်ကွဲထွက်တော့မလိုပဲ။

ဘယ်နေရာကိုကြည့်ကြည့် စိတ်တိုင်းကျစရာ တစ်စက်မှမရှိတဲ့အပြင် ဒေါသထွက်စရာတွေချည်းပဲ... ဒီအရပ် ဒီဒေသ ဒီလိုနေရာတွေမှာသာ သိပ်ပျော်တတ်တဲ့သူကိုလည်း တဆီဆွဲဖဲ့ပစ်ချင်ပြီး ဘယ်လိုမှနားလည်ပေးလို့မရခဲ့...။

ပျော်စေမယ်လို့ထင်တဲ့အရာမှန်သမျှ ငွေတွေပုံပေးပြီး ဝယ်သိမ်းပေးထားတာတောင်... နန်းတော်လို​နေရာကြီးမှာ Luxury ပစ္စည်း​ပေါင်းစုံနဲ့ လိုလေသေးမရှိ တခမ်းတနားထားပေးတာတောင်မှပဲ ဘယ်လိုနေရာမျိုးတွေမှာ လာပျော်ပြနေတာလဲ...။

နာကျင်ပါစေဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ သက်သက်မဲ့အရွဲ့တိုက်တာ... ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါဖြစ်ဖြစ် ဒီကောင်ကလည်း နာရတာပါပဲ။

လုံးဝမကြိုက်ပါဘူးဆိုမှပဲ သောက်ဂရုမစိုက်စွာနဲ့ ဒီလိုနေရာတွေကိုမှရွေးလာပြီး စိတ်ထွက်ပေါက်လာရှာတတ်တဲ့သူ...
သူ့ရင်ခွင်ကလွဲလို့ ဘယ်နေမျိုးမှာမဆို ပျော်ပါးသာယာနေတတ်သူ...
သူ့အနမ်းတွေကလွဲလို့ ဘယ်အရာတွေနဲ့မဆို ယစ်မူးရူးတတ်တဲ့သူ...
သူ့မေတ္တာတွေကလွဲလို့ အရာအားလုံးကို လိုအပ်နေတတ်တဲ့သူ...

💜 𝑷𝑼𝑹𝑷𝑳𝑬 💜Where stories live. Discover now