💜 2 💜

424 73 10
                                    

" တီးလုံးသံတွေနဲ့သိပ်မကြားလိုက်လို့လေ... Babyခုနကပြောတဲ့စကားလေး ပြန်ပြောကြည့်စမ်းပါ... ဘာပြောလိုက်တာ? "

" ကျွန်တော်ဒီည ဒီမိန်းကလေးနဲ့သွားအိပ်မှာ"

" ကိုယ်နဲ့ပြန်မလိုက်တော့ဘူးလား "

" မလိုက်ဘူး "

" ပြန်မလိုက်မှာ တကယ်သေချာလား "

" အခါတစ်သိန်းလောက်သေချာတယ်!"

" ပြန်ရောက်ရောက်ချင်း မင်းဆီကိုချက်ခြင်းလိုက်လာရတာနော် "

" ခင်များကိုလိုက်လာပါပြောလို့လား "

" မင်းမျက်နှာလေးပဲ အရင်ဆုံးမြင်ချင်လို့... ဒီလိုနေရာတွေမှာ စိတ်မချလို့ ... လာခေါ်တာ! "

" ခင်များလာခေါ်လို့ကို မပြန်ချင်တော့တာ... ခင်များမျက်နှာကိုမြင်လိုက်ရလို့ တခြားမိန်းမနဲ့အိပ်ချင်သွားတာ"

စကားတစ်ခွန်းနဲ့တင် ရင်ဘတ်ထဲ တင်းကျပ်နာကျင်သွားတဲ့အထိ ဘေဘီ့ရိုက်ချက်တွေ ပြင်းလွန်းလိုက်တာ...
ကုန်ဆုံးသွားတဲ့သည်းခံနိုင်စွမ်းတွေများ ပြန်ရှာတွေ့မလားလို့ ဘေဘီ့မျက်နှာလှလှကို တစ်ချက်ကြည့်ပြီး စိတ်ပြောင်းသွားအောင် အာရုံလွှဲလိုက်လည်း မရတော့...။

"ခင်များရောက်လာတာနဲ့ပဲ ကျွန်တော်ပျော်ရမယ့် အစီအစဥ်တွေကို ဖျက်ပစ်လိုက်စရာ ဘာအကြောင်းမှမရှိဘူးလေ"

" ဒီလိုနေရာတွေမှာပျော်တာ ကိုယ်မကြိုက်ဘူး​"

" ခင်များမကြိုက်လည်း ကျွန်တော်ကြိုက်တယ်... ဒီညအတူအိပ်ရမယ့်သူက ခင်များမဟုတ်ဖို့ပဲ "

" အော်.... "

ပြောလိုက်တဲ့စကားတွေထဲမှာ ရယ်စရာတစ်ခုမှပါမနေခဲ့ပဲ ခေါင်းတစ်ညိမ့်ညိမ့်လုပ်ရင်း အေးအေးဆေးဆေးပြုံးပစ်လိုက်မိတဲ့ သူဟာ... ခုနကတည်းက လက်လှမ်းထားတဲ့ ဝိုက်ခွက်ကို အသာအယာလှမ်းယူပြီး အနည်းငယ်မော့ချလိုက်သည်။

ခန္ဓာကိုယ်ကသွေးကြောတွေထဲ ဒီထက်ပိုပြီးပူပြင်းသွားခဲ့ပမယ့် ဘေဘီ့စကားတွေလောက်တောင် အဆိပ်မပြင်းတဲ့ ဝိုင်တွေသည် ဘေဘီ့ကိုနမ်းရတာလောက်တောင် တစ်စက်လေးမှအရသာမရှိ...။

💜 𝑷𝑼𝑹𝑷𝑳𝑬 💜Where stories live. Discover now