💜 4 💜

212 40 13
                                    

၁၀နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုဟာ အရာရာကိုပြောင်းလဲသွားစေဖို့ လုံလောက်ခဲ့ပေမယ့်...
Kim Seok Jinရဲ့မှတ်ဉာဏ်တွေထဲက ၁၀နှစ်တာအတိတ်တစ်ခုကတော့ ဘယ်တော့မှအရောင်တွေ ပြယ်လွင့်သွားခြင်းမရှိခဲ့...။

တစ်ခါခိုးရိုက်ထားပြီးတိုင်း တစ်ခါprintထုတ်ပြီး နံရံမှာကပ်ခဲ့ရတဲ့ အိပ်ခန်းတစ်ခုလုံးအပြည့် နေရာယူထားတဲ့ ဓာတ်ပုံတွေနဲ့ အံဆွဲနဲ့အပြည့် သိမ်းထားခဲ့တဲ့ Jelly အိတ်ခွံလေးတွေရယ်...

အခန်းထောင့်က ဗီဒိုထဲမှာချိတ်သိမ်းထားခဲ့တဲ့ customize ကုတ်အင်္ကျီတစ်ထည်ရယ်က အသက်၁၆နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ပထမဆုံးညိတွယ်စွဲလမ်းရတဲ့သူနဲ့ ပတ်သတ်တဲ့ ရင်ခုန်စရာသင်္ကေတတွေပါပဲ...။

ပြန်လာမကြည့်ချင်တော့လို့ ပစ်ထားခဲ့တဲ့အခန်းထဲက ဓာတ်ပုံတွေဟာ ဘယ်နှစ်ခါပြန်ကြည့်ကြည့် မရိုးနိုင်လောက်အောင် အခုထက်ထိတိုင် ရင်ခုန်နေရစမြဲ...

ဓာတ်ပုံအဟောင်းလေးတွေနဲ Jellyအိတ်ခွံလေးတစ်ချို့ကို ဖွဖွထိတို့လိုက်တိုင်းမှာလည်း တစ်ချို့အတိတ်တွေက လွမ်းမောစရာကောင်းနေဆဲ...။

" ခင်များက မုန်းစရာကောင်းအောင် ပိုကြည့်ကောင်းလာတာပဲ Kim Tae Hyung"

" ကျွန်တော့်ရင်ထဲမှာသာ ပျောက်သွားတာ ဒီအခန်းထဲမှာတော့ ခင်များကအခုအချိန်အထိ နေရာယူထားတုန်းပဲဆိုတာ...သိလား"

" ခင်များကတန်ဖိုးမထားခဲ့ပေမယ့် ခင်များကိုကျွန်တော်က တန်ဖိုးထားလေးစားလွန်းလို့ စေ့စေ့လေးတောင် မကြည့်ရဲခဲ့တာတွေကို ခင်များမသိဘူးမလား~~ အဟတ်~~"

ချစ်ခဲ့လားလို့ ကိုယ့်ကိုကိုယ်မေးခဲ့တိုင်း ချစ်တာတွေထက် လွန်ကဲခဲ့ခြင်းတွေအတွက် နှုတ်ခမ်းကတောင်ပြောထွက်ဖို့ စကားလုံးမရှိခဲ့ပေမယ့်...

Kim Seok Jinရဲ့ အချစ်ဦးရော... အချစ်ဆုံးရော... နောက်ဆုံးအချစ်အထိက Kim Tae Hyungတစ်ယောက်သာ ဖြစ်ခဲ့ခြင်းပါပဲ...။

Konkuk University(အနုပညာတက္ကသိုလ်)မှာ အချိန်ပိုင်းဝင်ပြီး သရုပ်ဆောင် majorကို သရုပ်ပြပေးခဲ့တဲ့ Vante Entertainmentဥက္ကဌရဲ့သား စီနီယာအကိုကြီးဟာ သူဘဝရဲ့ အစိတ်အပိုင်းလေးဖြစ်လာခဲ့ရုံမက သူ့​နှလုံးသားတည့်တည့်ကို စူးစိုက်ဝင်လာတဲ့ အဆိပ်လူးထားတဲ့မြှားပဲ...။

You've reached the end of published parts.

⏰ Last updated: Mar 25 ⏰

Add this story to your Library to get notified about new parts!

💜 𝑷𝑼𝑹𝑷𝑳𝑬 💜Where stories live. Discover now