MY BODYGUARD (part1)

448 25 0
                                    

မှောင်မဲနေသောအခန်းကြီးတစ်ခုထဲတွင်...

သံကြိုးများနှင့်ချည်းထားခံရသောလူတစ်ယောက်....မျက်နှာမှာလည်းထိုးကြိတ်ခံထားရတာကြောင့်ညိုမဲနေလေသည်။

သစ်ခမ်းတစ်ယောက်ထိုလူ့အားရေဖြင့်ပက်ဖြန်းလိုက်လေသည်။ရေထိသွားတာကြောင့်ထိုလူလန့်နိုးလာခဲ့လေသည်။...သစ်ခမ်းအား..မကျေနပ်သောအကြည့်တို့ဖြင့်စိုက်ကြည့်နေပြီး...

''မင်းဘာလို့ငါ့ကိုအခုလိူဖမ်းထားရတာလဲ...ငါနဲ့မင်းတို့ကြားမှာဘာရန်ငြိုးမှမရှိဘူး..ငါ့ကိုအခူလွှတ်ပေး...''

သစ်ခမ်း - ''မင်းကိုငါတို့ဂိုဏ်းချုပ်ကအလကားသက်သက်ဖမ်းခိုင်းပါ့မလား..မင်းနဲ့ငါတို့ဂိုဏ်းချုပ်ကြားမှာရန်ငြိုးတစ်ခုခုရှိလို့..မင်းကိုဖမ်းထားတာပေါ့...''

''မင်းတို့ဂိုဏ်းချုပ်ကိုငါမသိဘူး..ငါ့ကိုအခုလွှတ်ပေး...မဟုတ်ရင်းမင်းတို့ငါ့အကိုကြီးရဲ့သေနတ်စာမိသွားလိမ့်မယ်..''

ဖြောင်းး..ဖြောင်းး..ဖြောင်းး..

လက်ခုပ်တီးကာ၀င်လာသောဂိုဏ်းချုပ်ကြောင့်သစ်ခမ်းအပါအ၀င်ကျန်ဂိုဏ်းသားများမှာခေါင်းငုတ်ကာအရိုအသေပေးကြလေသည်။...

''ဦးဆက်မင်းနောင်ကအရင်အတိုင်းဘဲနော်''

''မင်း..မင်းဘယ်သူလဲ...ဘာလို့ငါ့နာမည်ကိုသိနေရတာလဲ....''

''ဦးဆက်မင်းနောင်ကျနော့်ကိုမသိတာမဆန်းပါဘူး..ကျနော်ကတော့ဦးဆက်ခမ်နောင်ကိုရောဆက်မင်းနောင်ကိုပါဟိုအရင်ကတည်းကသိနေခဲ့တာ...''

''ငါမေးနေတာမင်းဘယ်သူလဲလို့...''

''အို!!!ဒေါသကလဲတယ်ကြီးပါလား...အေးဆေးပေါ့ဘာတွေလောနေတာလဲ.....''

''မင်း..ဘာလို့ငါ့ကိုဖမ်းထားတာလဲ...''

''ဦးဆက်မင်းနောင်ကဘယ်လိုထင်လို့လဲ...''

''ငါ့ကိုအခုချက်ချင်းပြန်လွှတ်ပေးရင်မင်းအသက်ကိုချမ်းသာပေးဖို့အကိုကြီးကိုပြောပေးမယ်...''

''ကျွတ်..ကျွတ်..ဟား..ဦးဆက်မင်းနောင်ခဗျားကအရင်အတိုင်းပါဘဲလား...ခဗျားအဖမ်းခံနေရတာတောင်ဦးဆက်ခမ်နောင်ကိုတမ်းတနေပါလား...ခဗျားဒီကလွတ်အောင်ဘဲအရင်ကြိုးစားပါလား...ခဗျားအကိုကြီးကခဗျားပျောက်သွားတာတောင်သိမှာမဟုတ်သေးဘူး...''

MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်Where stories live. Discover now