MY BODYGUARD (part4)

238 15 0
                                    

''ဘာ!!!...နေမင်းသခင်ဆိုတဲ့ကောင်လွတ်သွားတယ်...တောက်!!ကဲကွာ..ခွပ်!!!''

ကြမ်းပြင်ပေါ်သို့မှောက်သွားသောထိူလူအားဦးသက်နောင်တစ်ယောက်တပည့်ဖြစ်သူကိုဆွဲမစေကာမျက်နှာအားအဆက်မပြတ်ထိုးလေတော့သည်။

သက်နောင်black mafiaဂိုဏ်းကိုပြိုကွဲစေချင်တာကြောင့်နေမင်းအားသတ်ပစ်ရန်ကြိုးစားနေသူ...black mafiaတွေကြောင့်သူတို့ရဲ့စီးပွားရေးတွေထိခိုက်လာခဲ့သည်။နေမင်းသခင်နဲ့ဦးသက်နောင်တို့ဟာမတူညီတဲ့လမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေကြတဲ့သူတွေဖြစ်နေတာကြောင့်အကျင့်စရိုက်ချင်းလဲမတူညီပေ။...သက်နောင်မှာတရားမ၀င်သောမူးယစ်ဆေး၀ါးများကိုထိုင်းနိုင်ငံမှတင်သွင်းပြီးရောင်းချနေတာကြောင့်နေမင်းတို့အဖွဲ့ဟာထိုအရာတွေကိုတားဆီးပိတ်ပင်ပြီးတင်သွင်းရောက်ရှိလာသည့်မူးယစ်ဆေး၀ါးများကိုဖျက်ဆီးပစ်ခဲ့လေသည်။ဦးသက်နောင်သူ၏စီးပွားရေးကိုဖျက်ဆီးပစ်နေသောနေမင်းသခင်အားသတပစ်ရန်အကြိမ်ပေါင်းများစွာကြိုးစားနေလေသည်။..

ဦးသက်နောင် - ''အဲကောင်ကိုငါ့ရှေ့ကနေအခုချက်ချင်းခေါ်ထုတ်သွား...နေမင်းသခင်..နေမင်းသခင်မင်းမိုးကောင်းတုန်းရွာထားအုန်းပေါ့..လူဆိုတာအမြဲတမ်းကံကောင်းမနေပါဘူး..မင်းကံဆိုးတဲ့တနေ့ရှိလာအုန်းမှာပါ...ဟားဟား...''

..............

သစ်ခမ်းဂိုဏ်းချုပ်အတွက်လိုအပ်တာတွေပြင်ဆင်ပေးပြီးသွားလေသည်။...

နေမင်း - ''သစ်ခမ်းမင်းလိုက်စရာမလိုဘူး..ငါတစ်ယောက်ထဲဘဲသွားမယ်..''

သစ်ခမ်း - ''ဂိုဏ်းချုပ်...တစ်ယောက်ထဲဖြစ်ပါ့မလား..ကျနော်စိတ်ပူတယ်..''

နေမင်း - ''မင်းငါနဲ့အတူလိုက်သွားရင်ရောင်ခြည်ထိပ်ထားကမင်းကိုမှတ်မိသွားမှာပေါ့...မင်းဦးနှောက်လေးသုံးအုန်းသစ်ခမ်း..ငါသူတို့ဆီမှာအလုပ်၀င်တာမင်းလဲသိနေတာဘဲ..''

သစ်ခမ်းနေမင်းပြောသောစကားများကြောင့်သူတို့ဟိုတနေ့ကဦးဆက်ခမ်နောင်ရဲ့သမီးကိုကယ်တင်ပေးခဲ့တာကြောင့်သူ့ရဲ့မျက်နှာကိုထိုမိန်းကလေးမြင်တွေ့ကောင်းမြင်တွေ့ထားနိုင်သည်။...ဒါပေမယ့်ဂိုဏ်းချုပ်ကိုတော့သူမမမှတ်မိလောက်ပေ။..ဂိုဏ်းချုပ်ကအရေးကြီးကိစ္စနဲ့အပြင်ကိုသွားတိုင်းသူ့ရဲ့မာလရုပ်သွင်ကိုဖျက်ပြီးသွားနေကြပေ။ဟိုတနေ့ကမှောင်ခိုရာဇာနဲ့တွေ့တုန်းကဆိုရင်ဂိုဏ်းချုပ်ဟာသူ့ရဲ့မူလရုပ်သွင်ကိုဖျောက်ပြီးလူကြီးတစ်ယောက်ပုံစံနဲ့သွားတွေ့လေသည်။ဒီလိုရုပ်ပြောင်းနိုင်တဲ့အတတ်ပညာကိုသခင်ကြီးမြတ်သစ္စာကဘဲသင်ကြားပေးထားလေသည်။...

MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်Where stories live. Discover now