MY BODYGUARD (part2)

306 18 0
                                    

ထိပ်ထား - ''မမြတ်ရေ..ထိပ်ထားပြန်တော့မယ်နော်...''

မြတ် - '' ထားလေးပြန်တော့မို့လား...ကိုမင်းကိုလိုက်ပို့ခိုင်းလိုက်လေ...မင်းမင်းရေ..''

ထိပ်ထား - ''ရပါတယ်မမြတ်ရယ်ထိပ်ထားမှာကားပါတယ်..''

မင်းမင်း - ''မမထားကျနောိလိူက်ပို့ပေးပါ့မယ်..''

ထိပ်ထား - ''မမအဖေ့ဆီကိုသွားရအုန်းမှာမိူ့လိူက်မပို့နဲ့တော့မင်းမင်း...''

မင်းမင်း - ''အဲဆိုလည်းဂရုစိုက်ပြန်ပါမမထား..''

ထိပ်ထားထိုကောင်ငယ်လေးအားလက်ပြကာဆိုင်ထဲကထွက်လာခဲ့လိုက်လေသည်။ကားပါကင်ကိုရောက်တော့သူမကားနားမှာရစ်တီရစ်တီလုပ်နေသောလူတစ်ယောက်ကြောင့်သူမမျက်မှောင်ကြီးကျုံ့သွားရလေသည်။

ထိပ်ထား - ''ဒီမှာရှင်ဘယ်သူလဲဘာလို့ကျမကားထဲကိုချောင်းကြည့်နေရတာလဲ..''

လူစိမ်း - ''မိန်းကလေးခနကလူ၂ယောက်မိန်းကလေးကားကိုတစ်ခုခုလုပ်သွားတယ်ထင်လို့ကျနော်လာကြည့်ပေးတာပါတစ်မျိုးမထင်ပါနဲ့..''

ထိပ်ထား - ''ဒီအကွက်တွေကအရမ်းရိုးလွန်းနေပြီး..ဖယ်စမ်းကျမကားရှေ့ကနေ..''

လူစိမ်း - ''စေတနာနဲ့လည်းကြည့်ပေးရသေးတယ်...ဘယ်လိုမိန်းကလေးလဲမသိမောက်မာလိုက်တာ..''

လူစိမ်းတစ်ယောက်သူမကားပေါ်တက်သွားပြီးမောင်းထွက်သွားသည်အထိဗျစ်တောက်ဗျစ်တောက်နဲ့ပြောဆိုနေလေသည်။

ရောင်ခြည်ထိပ်ထား..မြို့မျက်နှာဖုံးဖြစ်တဲ့ဦးဆက်ခမ်နောင်ရဲ့တစ်ဦးတည်းသောသမီး..ဖခင်ရဲ့အလိုလိုက်မှူတွေကြောင့်သူတစ်ပါးအပေါ်မှာအလွန်မောက်မာရိုင်းစိုင်းလေသည်။ချမ်းသာတဲ့သူများကိုသာအဖက်လုပ်တတ်သောသူမဟာသာမာန်လူတွေကိုလူလို့ပင်မမြင်အောင်ဘ၀င်မြင့်လေသည်။

ကားနောက်ဖုံးထဲမှလိုက်ပါသွားသောဘသက်တစ်ယောက်မှာတော့ဆရာဖြစ်သူဦးသက္ကရာဇ်၏အမိန့်ကိုနာခံကာရောင်ခြည်ထိပ်ထားဆိုတဲ့မိန်းကလေးကိုဖမ်းခေါ်လာဖို့လိုက်ပါလာခြင်းဖြစ်သည်။သူ၏လက်ထဲတွင်ရှိသောခလုတ်ကိုဘသက်နှိပ်ချလိုက်လေသည်။

MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်Where stories live. Discover now