Kim Taerae X Seok Matthew
"ထယ်ရယ်လား....."
မနက်၂နာရီလောက်ကြီး မက်သရူးဆီကဖုန်းခေါ်လာတာကြောင့်ထယ်ရယ်အပြေးတစ်ပိုင်းနဲ့အိမ်နေရင်းဖိနပ်တောင်မလဲပဲထွက်လာခဲ့ရတယ်။
မူးနေတဲ့အသံကြောင့် သူ့ရည်းစားနဲ့ပြဿနာတက်ကြတယ်ဆိုတာထယ်ရယ်သိလိုက်တယ်။
မက်သရူးက အလုပ်မှာပြဿနာတက်ရင်တောင် အပြုံးပျက်တဲ့သူမျိုးမဟုတ်ဘူး။ဒါဘယ်နှစ်ခါမြှောက်လဲ ထယ်ရယ်မသိတော့။ရည်းစားတွေနဲ့လမ်းခွဲတိုင်း မက်သရူးကထယ်ရယ်ရဲ့အခန်းမှာလာငိုတတ်တယ်။ငိုလို့ဝရင် မက်သရူးကသူမဟုတ်တဲ့အတိုင်း ရယ်ရယ်မောမောပြန်ဖြစ်သွားပြန်ရော။ထယ်ရယ်မှာ သူ့ရည်းစားဟောင်းတွေကိုဘေးကမုန်းပေးလို့တောင်မဝသေးဘူး မက်သရူးကမေ့သွားပြီ။နောက်ဆုံးမှာရည်းစားဟောင်းကို move onလို့မရတာမက်သရူးမဟုတ်ပဲ ဘေးကထယ်ရယ်ပဲဖြစ်တယ်။
ထယ်ရယ်အပြေးတစ်ပိုင်းဖြင့် ဟန်မြစ်နားမှာလိုက်ရှာရင်း ဟန်မြစ်ရဲ့ခုံတန်းရှည်တစ်ခုမှာ ဆိုဂျူးပုလင်းဖက်ရင်းထိုင်နေတဲ့မက်သရူးကိုတေွ့လိုက်ရတယ်။
"မက်သရူး!"
"ထယ်..ထယ်ရယ်လား"
"မင်းရူးနေပြီလား"
ပါးလွှာလွန်းတဲ့တီရှပ်တစ်ထည်သာဝတ်ပြီးထိုင်နေတာဘယ်နှစ်နာရီတောင်ရှိခဲ့ပြီလဲ။ထယ်ရယ်ကိုသာဖုန်းမဆက်ခဲရင် ကိုရီးယားရဲ့ရာသီဉတုမှာမက်သရူးခဲနေလောက်ပြီ။
ထယ်ရယ်မက်သရူးကိုသူ့ကိုယ်ပေါ်မှာဝတ်ထားတဲ့အကျင်္ ီဝတ်ပေးတော့ မက်သရူးကကလေးတစ်ယောက်လိုအငြိမ်လေးနေတယ်။
"ထ...အိမ်ပြန်မယ်"
ထယ်ရယ်ကခုံတန်းပေါ်ကမက်သရူးကိုထူဖို့လုပ်တော့ မက်သရူးကခေါင်းခါပြီးထယ်ရယ်ကိုခုံတန်းပေါ်ကိုဆွဲပြီးထိုင်ခိုင်းတယ်။
"ထယ်ရယ်...ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းကင်မ်ထယ်ရယ်"
"ဘာအရူးထပြန်ဦးမလို့လဲ"
"ထယ်ရယ် မင်းကငါ့အပေါ်အကောင်းဆုံးပဲသိလား ကမ္ဘာမှာအကောင်းဆုံး"