Fresh and Loveable [1]

273 50 1
                                    

RICKY X MATTHEW

"မင်းဒီတစ်ခါ အိမ်တော်ကိုအရှက်ရအောင်လုပ်ရင် ရှန်အိမ်တော်ကမင်းကိုစွန့်ပစ်တော့မှာ"

"အဖိုး.."

ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့ ရှန်ဖိုးဖိုးကြောင့် ချွမ်ရွေ့မှာ လက်ထပ်ကြောင်းလမ်းတဲ့တစ်ဖက်အိမ်ကသားကို သွားတွေ့ရ‌တော့မည်ဖြစ်သည်။ရစ်ခီအသက်က ၁၈ပြည့်ပြီး ၁၉နှစ်ထဲဝင်ခါစပဲရှိသေးသည်။ရှန်အဖိုးကြီးကလက်ထပ်ပေးဖို့ အတင်းစီစဉ်နေတော့တာပါပဲ။

"မင်းရဲ့ဝတ်ရုံစတွေကို ကြည့်စမ်း ညစ်ပတ်ပေပွလို့ ငယ်တော့တဲ့အရွယ်လည်းမဟုတ်တော့ဘူး"

"ကျွန်တော့်အသက်က ၁၉နှစ်ပဲ...."

"တိတ်စမ်း ဆင်ခြင်ပေးဖို့မစဉ်းစားနဲ့
ဒီတစ်ခါတစ်ဖက်က ကလေးကိုကောင်းကောင်းမွန်မွန်နဲ့သွားတေွ့ပြဿနာမရှာလာနဲ့။ပြဿနာရှာလာလို့ကတော့ မင်းကို ဘုရင့်စစ်တပ်ထဲပို့ပစ်မယ်"

လှုပ်စိလှုပ်စိနဲ့ ထွက်သွားတဲ့မြေးဖြစ်သူကိုကြည့်ပြီး ရှန်မင်ရန် မျက်ခုံးနှစ်ခုကိုဖိကိုင်လိုက်သည်။သားဖြစ်သူနဲ့ချွေးမ ကုန်ကူးရင်းဓားမြတွေလက်ချက်ကြောင့်ဆုံးပါးသွားကတည်းက သူပဲဒီကလေးကိုကြည့်ရှု့စောင့်ရှောက်လာခဲ့တာ။တစ်ဦးတည်းသော မြေးလေးဆိုပြီးအလိုလိုက်အကြိုက်ဆောင်ထားခဲ့တာ။သူအလိုလိုက်ထားတာကြောင့်ပဲ ဒီကလေးက အိမ်တော်ထဲကလူတွေကို တစ်နေ့တစ်မျိုးမွှေပြီး အဆော့သန်တဲ့ကလေးဖြစ်လာသည်။

အခုသူလည်းအသက်ရွယ်ရလို့နေပြီဖြစ်သည်။
ရှန်ချည်ထည်လုပ်ငန်းရဲ့ အမွေကိုဆက်ခံဖို့အတွက် ချွမ်ရွေ့ကအရွယ်ရောက်လာပြီဖြစ်တာကြောင့် ရှန်မင်ရန်လက်လွှဲချင်ပြီဖြစ်သည်။

အဆော့သန်လွန်းတဲ့ မြေးဖြစ်သူကြောင့်
စေ့စပ်ကြောင်းလမ်းတဲ့ တစ်ဖက်အိမ်တော်ကလူတွေပါ ရှန်အိမ်တော်ဆိုအိမ်ရိပ်ပါမနင်းဘူးဆိုတဲ့ထိကိုဖြစ်သွားကြသည်။

ဒီတစ်ခါတော့ အဆင်ပြေပြေ‌ချောချောမွေ့မွေ့နဲ့ စေ့စပ်ထိပ်မြားခြင်းအောင်မြင်သွားဖို့ ရှန်မင်ရန်‌ဆုတောင်းမိပါသည်။

ZB1 Fiction CollectionWhere stories live. Discover now