Angels Like You

397 39 2
                                    

RICKY × MATTHEW

"ဘေဘီ ကိုယ်‌ဒီမှာ"

ကုမ္မဏီထဲကနေသူထွက်လာ"ချင်းမ‌ှာပဲ
သူ့အားအဆင့်သင့်ဆောင်ကြိုနေတဲ့ ရစ်ခီရှန်ကြောင့် မက်သရူးသက်ပြင်းချလိုက်မိသည်။
ဘေးပတ်ဝန်းကျင်ကလူများကလည်း သူတို့န‌ှစ်ယောက်အား သိသိသာသာရော မသိမသာပဲကြည့်နေကြ၏။

"ဒီနေ့ကုမ္မဏီမသွားဘူးလား"

"‌ဟင့်အင်း...ကိုယ်ဘေဘီနဲ့အတူနေ့လည်စာစားချင်လို့ ထွက်လာခဲ့လိုက်တာ"

"တကူးတကကြီးအလုပ်ရှုပ်အောင်လို့"

ရစ်ခီရှန်ကမက်သရူးကားပေါ်တက်ရန်အတွက်ကားတံခါးကိုအဆင်သင့်ဖွင့်ပေးသည်။ရစ်ခီက မက်သရူးကိုလိုလေသေးမရှိအောင်ဂရုစိုက်ပါတယ်။ဒါပေမယ့် ဒီဂရုစိုက်နေတာကပင် မက်သရူးအတွက်အလိုမကျစရာဖြစ်နေပြန်၏။

"ကားကိုဂရုစိုက်မောင်း"

ကားစီယာတိုင်ကိုလက်တစ်ဖက်တည်းနဲ့ကိုင်ပြီး နောက်လက်တစ်ဖက်ကသူ့ရဲ့လက်ကိုလာအုပ်ကိုင်တဲ့ရစ်ခီကိုမက်သရူးပြောလိုက်တယ်။ဒါကိုရစ်ခီကဂရုမစိုက်ချေ။မက်သရူးရဲ့လက်ကိုပါးမှာကပ်ပြီး နှုတ်ခမ်းနဲ့ခပ်ဖွဖွထိကပ်လိုက်သည်။

"ကိုယ်မင်းကိုလွမ်းနေတာ"

သူတို့နှစ်ယောက်အပြင်မှာမတွေ့ဖြစ်တာတစ်လလောက်ပင်ရှိတော့မည်ဖြစ်သည်။ဒါဟာလည်းတခြားကြောင့်မဟုတ် မက်သရူးအမြဲရှောင်ထွက်နေခြင်းသာဖြစ်သည်။

"မင်းရော ကိုယ့်ကိုမလွမ်းဘူးလားဟင်"

"အခုတွေ့နေရပြီပဲဟာ..."

.
.
.
"စားမကောင်းဘူးလား.."

ပါစတာစိတ်မပါသလိုခရင်းနဲ့ထိုးစွနေတဲ့ မက်သရူးကိုရစ်ခီမေးလိုက်သည်။

"ဗိုက်မဆာလို့"

"မတွေ့ရတဲ့အတောအတွင်း ဘေဘီရဲ့ပါးဖောင်းဖောင်းလေးတောင်ပျောက်ကုန်ပြီ မဖြစ်သေးပါဘူး ဒီနွေကျရင်ကိုယ်တို့လက်ထပ်မှပဲ..."

ZB1 Fiction CollectionWhere stories live. Discover now