-02-

336 47 4
                                    

ထယ်ရယ် လေသာဆောင်တွင် ထိုင်ကာ ညဘက်ပွဲတွင် ဖျော်ဖြေဖို့ ဗျက်စောင်းကား ကြိုးညှိကာ အစမ်းတီးခတ်ကြည့်နေမိသည်။

"ချောက် (သစ်ကိုင်းချောက် နင်းမိသံ)"

မျက်ဝန်းများကို မှိတ်ကာ သေချာ အာရုံစိုက် တီးခတ်နေရင်း ရုတ်တရက် ခြေသံကြားလို့ ကြည့်လိုက်မိတော့ ဟိုရက်က စာအုပ်ဆိုင်တွင် တွေ့ခဲ့သည့်သူ။ နောက်ပြီး တရုတ်ပြည် ယွမ် မင်းဆက် ရှန်သခင်လေး၏ နောက်တွင် တွေ့လိုက်ရသည့် သူ။

"တောင်းပန်ပါတယ် သခင်လေး ကျွန်တော်မျိုး တမင်နားထောင်တာမျိုး မဟုတ်ပါဘူး"

ချွမ်ရွေ့က ဟာအိုကို အနားယူခိုင်းထားတာမလို့ ဟာအို မင်းကြီးထံ ခွင့်တောင်းကာ နန်းတော်ကို လိုက်ပတ်ကြည့်နေသည့်အချိန် တစ်နေရာမှ ထွက်ပေါ်လာသည့် သာယာသည့် ဗျက်စောင်းသံနောက်ကို လိုက်လာခဲ့ရင်း တွေ့လိုက်ရသည်က မင်းသားငယ်လေးပင်။ ဒီနေ့တော့ ပန်းနုရောင်လေးနှင့်ပင်။

အနောက်က စိမ်းစိုနေသည့် တောင်တန်း၊ နန်းဆောင်ရှေ့က လေယူရာ ယိမ်းနွဲ့နေကြသည့် ပန်းကလေးတွေ၊ သာယာလှသည့် သခင်လေး၏ ဗျက်စောင်းသံ၊ နောက်ပြီး နေရောင်ခြည် နွေးနွေးအောက်တွင် လှပလွန်းနေပါသည့် သခင်လေး။ အရာအားလုံးဟာ ပြီးပြည့်စုံလွန်းလှသည်။

ပိုပြီးတောင့်တမိတဲ့ ဟာအိုဟာ အနားကို ပိုတိုးမိချိန်မှာ သစ်ကိုင်းခြောက်ကို နင်းမိသွားမိသည်။ သခင်ငယ်လေးဟာလည်း အာရုံပျက်သွားပြီး အသံလာရာဆီ လှည့်ကြည့်လို့လာတော့ အလျင်အမြန်ပင် တောင်းပန်စကားဆိုရသည်။ ကိုယ်ဟာ ခွင့်မတောင်းပါပဲ ခိုးနားထောင်နေမိခဲ့တာ မဟုတ်လား။

"အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။ စိုးရွံ့မိပါတယ် သခင်လေး။ ကျွန်တော်မျိုးကို သွားခွင့်ပြုပါဦး သခင်လေး"

ဦးညွှတ် နှုတ်ဆက်ပြီး ထိုနေရာမှ လှည့်ပြန်မည် အပြု သခင်ငယ်လေးက သူ့ကို ခေါ်လို့လာသည်။

"ဟို ဟိုနေ့က တွေ့လိုက်ကြတာ ဟုတ်တယ်မလား"

ပြောရင်း လေသာဆောင်ဘက်မှ ဆင်းလာကာ ဟာအိုရှေ့ တစ်လှမ်းချင်း လျှောက်လာချိန် ဟာအို၏ ရင်ခုန်သံတွေဟာလည်း ပို၍ ကျယ်လောင်လို့လာသည်။

Light MeWhere stories live. Discover now