Episode 18 💞

107 9 0
                                    

မင်းသိုက် ဒေါသထွက်ထွက်နဲ့ လင်းချိုရဲ့လက်အားဆွဲပြီး သူတို့တွေ့နေကြ ကျောင်းနောက်က ရေကန်ကြီးဆီ ဆွဲခေါ်လာလိုက်သည်။

လင်းချိုကလည်း အေးမလိုလိုနဲ့ ခေါင်းမာတတ်သည်။အခုလည်း မင်းသိုက် တရွတ်တိုက်ဆွဲလာလို့ သူမလက်တွေ နာကျင်နေပေမဲ့ သူမတချက်မှ မဟမိပါ။

ကြိတ်ခံပြီး လိုက်လာခဲ့သည်။ရေကန်ရှေ့ရောက်တော့ မင်းသိုက်က ရပ်လိုက်ပြီး သူမဘက်ကိုလှည့်လာသည်။

"ကဲ...ပြော!ဘယ်သူဆီက ဘာတွေကြားပြီး ကိုယ့်ကိုပြဿနာလာရှာနေတာလဲ?!"

"နင့်ကိုနင်အသိဆုံးနေမှာပေါ့။"

"ငါ့ကို အဲ့လို မခနဲ့နဲ့ လင်းအိမ်ချို...မင်းမပြောပဲ ငါကဘယ်လိုလုပ်သိပြီး ဖြေရှင်းပေးရမှာလဲ?"

"နင်သိပ်သိချင်နေရင် ပြောပြမယ်။အခန်းထဲကောင်မလေးတွေ စကားပြောနေတာ ကြားခဲ့တယ်။နင်နဲ့ရှင်းသန့်နဲ့ ကန်တင်းမှာ အကြည်စိုက်နေကြတယ်တဲ့။

ငါအဲ့သတင်းကြားကြားချင်း နင့်ကိုလာရှာတာပဲ...ဒါမဲ့ သူတို့ပြောတာထက် ပိုဆိုးတဲ့အခြေနေကို တွေ့လိုက်ရတယ်လေ!"

"ဘာ?...ဘာကိုဆိုလိုချင်တာလဲ?"

"နင်ရုတ်တရက်ကြီး တုံးသွားတာလား?!ဟိုတယောက်က နင့်ရင်ခွင်ထဲထိရောက်နေပြီမလား?!အဲ့ဒါကို အခုဘာလို့မသိချင်ယောင်ဆောင်နေတာလဲ!"

"ဘာတွေပြောနေတာလဲ?ဘယ်သူမှ ငါ့ရင်ခွင်ထဲမရောက်ဘူး။ဘယ်သူ့ကိုမှလည်း ငါကအဝင်မခံဘူး...ရှင်းလား!ဘယ်က အဆင့်မရှိတဲ့ ကောလဟလတွေကို ကြားခဲ့ပြီး ငါ့ကို ပြဿနာလာရှာနေတာလဲ?"

"နင်တို့အနေထိုင်မတတ်လို့ သူများပြောစရာဖြစ်တာပေါ့...ဇေမင်းသိုက်ရဲ့!"

"ငါမင်းကို ချစ်လွန်းလို့သည်းခံနေတာနော်..."

"သည်းမခံတော့ နင်က ဘာလုပ်ချင်လဲ?ပြောလေ!ဘာလုပ်ချင်လဲလို့!!!"

ဒေါသထွက်ရင် မျက်ရည်ကျတတ်တာမို့ သူမ မျက်ရည်တွေကျရင်း သူ့အား အသကုန်အော်နေမိတော့သည်။သူကလည်း သူ့စိတ် အတတ်နိုင်ဆုံးထိန်းနေတာပေါ့။

My heartbeat 💓 Where stories live. Discover now