အပိုင်း ၁၅

855 133 2
                                    

Unicode

ကွာရှင်းမပြတ်စဲခင် ငါ့မှတ်ဥာဏ်တွေ ပျောက်သွားတယ်

အခန်း ၁၅

နောက်ဆုံး၌ သူပြန်ပြောခဲ့လေသည်။ "ကောင်းပြီ အစ်ကိုကြီးက မင်းကို ဝမ်ဝမ်ပင်းပင်း ဝယ်ကျွေးဖို့ ခေါ်သွားမယ်"

လုယွမ်ပိုင်သည် ဝှီးချဲ မချော်သွားစေရန် ဘီးနားကလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။

ကုန်စုံဆိုင်ကြီးကိုရောက်တော့ ကောင်ကလေးအတွက် ဝမ်ဝမ်ပင်းပင်းဝယ်ပေးပြီးနောက် ခဏလောက် ရေခဲသေတ္တာနားပတ်ကြည့်ကာ သွမ့်ယီအတွက် စတော်ဘယ်ရီအရသာရေခဲမုန့်ကို ဝယ်လာခဲ့သည်။

တစ်ဖက်တွင်လည်း သူက ရှားရှားပါးပါး ချင့်ချိန်နေသည်။ သူလည်း ရေခဲမုန့်ကို နည်းနည်းကြိုက်ပေမယ့် ယခုအခါတွင်တော့ မစားရင် ပိုကောင်းတယ်လို့ သူနာပြုက ပြောထားလေသည်။

ကောင်ငယ်လေးက သူ့လက်ထဲတွင် ရေခဲချောင်းကို ဆုပ်ကိုင်ထားပြီး "အစ်ကိုကြီး မစားဘူးလား"
လုယွမ်ပိုင်ရဲ့ရှေ့တွင် ရေခဲချောင်းကို ခါယမ်းပြနေခဲ့လေသည်။

လုယွမ်ပိုင်က တံတွေးမြိုချကာ ကြိုးစားရုန်းကန်လျက် "မစားဘူး၊ မစားဘူး"

"အစ်ကိုကြီးက ဘာလို့ မစားတာလဲ"

"အစ်ကိုက ဖျားနေတာ၊ ဆရာဝန်ကလည်း မစားရင် ပိုကောင်းမယ်လို့ ပြောထားလို့ မစားတာ"

ကောင်ငယ်လေးက သူ့ကိုလေးစားသွားပြီး "အစ်ကိုကြီးက သိပ်အံ့သြဖို့ကောင်းတာပဲ၊ ဆရာဝန်က သားရဲ့အဖိုးကို အစပ်တွေ မစားဖို့ မှာထားပေမယ့် အဖိုးက အချိန်တိုင်း တိတ်တိတ်လေး ခိုးစားနေတာ"

လုယွမ်ပိုင်က ချီးကျူးခံရတာကြောင့် စိတ်ကြီးဝင်စွာ ခေါင်းကိုမော့ပစ်လိုက်ပြီး "ဒါပေါ့။ အစ်ကိုက ရင့်ကျက်တဲ့အရွယ်ရောက်ပြီလေ"

ခဏနေတော့ ကောင်ကလေးက ရေခဲချောင်းကို အလယ်ကအကြောင်းလေးအတိုင်း ထက်ခြမ်း ခြမ်းလိုက်သည်ကို လုယွမ်ပိုင် တွေ့လိုက်ရလေသည်။

လုယွမ်ပိုင်က သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေသည်။

ခဏအကြာတွင် သွမ့်ယီက လုယွမ်ပိုင်ကို ကုန်စုံဆိုင်၏ ဝင်ပေါက်တွင် ရှာတွေ့ခဲ့သည်။

ရွှင်ပျပြီး လှပတဲ့ အမျိုးသားတစ်ယောက်က ဝှီးချဲပေါ်ထိုင်နေပြီး သူ့လက်ထဲ၌ ရေခဲချောင်းတစ်ပိုင်းကို ကိုင်ထားလျက် သူ့ရဲ့ နူးညံ့တဲ့ နှုတ်ခမ်းလေးထက်မှာလည်း အရည်ပျော်နေတဲ့ ရေခဲချောင်းများ ကပ်ငြိနေလေသည်။

နောက်တစ်ခုအနေဖြင့် လုယွမ်ပိုင်က သူ့ဘေးရှိ ကောင်ကလေးကို ပြုံးဖြဲဖြဲဖြင့် ပြုံးပြနေသည်ကို သူတွေ့လိုက်ရသည်။

"ဒါက တကယ်အရသာရှိတာပဲ"

"...."

ရေခဲချောင်းကို ဖိကိုက်ခဲ့တာကြောင့် လုယွမ်ပိုင်ရဲ့ စေ့ပိတ်ထားတဲ့  နီရဲနူးညံ့လှတဲ့ နှုတ်ခမ်းလေးက ပို၍တောက်ပနေခဲ့ပြီး သူ့ပါးစပ်တစ်ခုလုံး မက်မွန်သီးအရသာ ရေခဲချောင်းနဲ့ ပြည့်နှက်နေခဲ့သည်။

နွေရာသီမှာ လုယွမ်ပိုင်က သူ့လက်ထဲမှာ တစ်ဝက်စားပြီးထား ဝမ်ဝမ်ပင်းပင်းကို မြတ်မြတ်နိုးနိုး ကိုင်ထားခဲ့သည်။

ဘယ်သူမှ မတွေ့အောင် သေချာလုပ်ပြီး သူက တစ်ဝက်ကိုပဲ စားခဲ့၏။ သူက အကုန်လုံး မစားခဲ့ပါဘူးဆိုတဲ့သဘောသက်ရောက်အောင်ဖြစ်သည်။

လုယွမ်ပိုင် သူ့ကိုယ်သူ ကျေနပ်နေတုန်း သူ့ဘေးက ကောင်ကလေးက သူ့ရဲ့ဆေးရုံဝတ်စုံကို ဖြည်းဖြည်းလေး ဆွဲခဲ့၏။

"အစ်ကိုကြီး အဲဒီဦးလေးကြီးက ဘာလို့ သားတို့ကိုပဲ ကြည့်နေတာလဲ၊ ဘယ်သူမှ သူ့ကို ရေခဲချောင်းမျှပြီး မကျွေးလို့ မနာလိုဖြစ်နေတာများလား။"

လုယွမ်ပိုင်က ကောင်ကလေးရဲ့ လက်ညှိုးညွှန်ပြရာ အရပ်ကို လိုက်ကြည့်လိုက်တော့ သိပ်မဝေးလွန်းတဲ့ နေရာတွင် သွမ့်ယီက ရပ်နေတာကိုတွေ့လိုက်ပြီး သူတို့နှစ်ဦးသား မျက်လုံးချင်းစုံသွားခဲ့သည်။

သူ့လက်ထဲက တစ်ဝက်ချိုးထားတဲ့ ရေခဲချောင်းက ရုတ်တရက်ကြီး အနံ့ရလာခဲ့လေသည်။

ကောင်ကလေးက သွမ့်ယီကို သနားစိတ်ပါသော မျက်ဝန်းတွေဖြင့် ကြည့်ရင်း
"အဲဒီဦးလေးက အရမ်းသနားဖို့ကောင်းတာပဲ။ သူက ရေခဲချောင်းလည်း မဝယ်စားနိုင်သလို သူ့ကို ဘယ်သူမှလည်း မျှဝေမကျွေးဘူးလေ"

ကောင်ကလေးက စကားပြောရင်း ခေါင်းလေးကို ခါရမ်းနေခဲ့သည်။ သနားစရာကောင်းလိုက်တဲ့ လူကြီးပါပဲ။

အဝတ်အစား အကောင်းစားကိုသာ ဝတ်ဆင်နိုင်ပြီး ရေခဲချောင်းဝယ်ရန် မတတ်နိုင်သော သွမ့်ယီက လုယွမ်ပိုင်ကို နားလည်ရခက်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။

လုယွမ်ပိုင်က အနည်းငယ် စိတ်မလုံသလို ခံစားလိုက်ရပြီး အလျင်အမြန်ပင် ခေါင်းငုံ့ကာ ကျန်ရှိနေတဲ့ ရေခဲချောင်းကို ကုန်အောင် စားလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ သွမ့်ယီရှိရာသို့ အပြုံးလေးဖြင့် လက်ဝှေ့ရမ်းပြလိုက်လေသည်။
"ဇနီးလေး"

ချက်ချင်းပင် သူ့ရဲ့ဘယ်ဖက်လက်ဖြင့် ဝှီးချဲကိုတွန်းပြီး သွမ့်ယီရှိရာသို့ သွားရန် လုပ်ခဲ့လေသည်။

သွမ့်ယီက ထိုသို့ မလာစေရန်အတွက် သူ့ရဲ့ရှည်လျားလှတဲ့ ခြေတံဖြင့် လုယွမ်ပိုင်ရဲ့ ဘေးသို့ ရောက်အောင် ခြေလှမ်းအနည်းငယ်ကို ခပ်မြန်မြန် လှမ်းလိုက်လေသည်။

လုယွမ်ပိုင်က ချစ်ခင်စွာပင် သွမ့်ယီအတွက် သူဝယ်ပေးခဲ့တဲ့ စတော်ဘယ်ရီ အရသာ ရေခဲမုန့်ကို ထုတ်ပေးလိုက်ပြီး "ကိုယ့်ဇနီးလေး ကိုယ်မင်းကို ဒါပေးမယ်"

သွမ့်ယီက ကမ်းလှမ်းပေးတဲ့ ရေခဲမုန့်ကို ငုံ့ကြည့်ရင်း မယူခဲ့ပဲ သူ့ရဲ့ ထင်ရှားပြတ်သားတဲ့ မျက်ခုံးမွေးကိုကြည့်ရင်း ပြောလေသည်။ "ခင်ဗျား ရေခဲမုန့်မစားခဲ့ဘူးလား"

ကွာရှင်းမပြတ်စဲခင် ငါ့မှတ်ဥာဏ်တွေ ပျောက်သွားတယ် (BL) (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang